ထီးချိုင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်

ထီးချိုင့်၊ ဇူလိုင် ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့၌ ကျင်းပရာ ရှေးဦးစွာ မင်္ဂလာအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလံသစ်အား လွှင့်တင်ပြီး နိုင်ငံတော်အလံကို အလေးပြုကြသည်။

ဆက်လက်၍ အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို အဆိုပါရုံးရှေ့ လျောင်းတော်မူဓမ္မာရုံတွင် ကျင်းပရာ နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်သည်။

မုံရွာခရိုင် / မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဓမ္မစကူးလ် ကျောင်းသား/သူများကို အာဟာရဒါနကုသိုလ်ကောင်းမှုပြု

မုံရွာမြို့နယ် ဘုဘကျေးရွာအုပ်စုရှိ နဂါးရုံဘုရားကြီးကျောင်းတိုက်၌ ဖွင့်လှစ်လျက်ရှိသော ဓမ္မစကူးလ် ဆရာ/ ဆရာမ ၊ ကျောင်သား/သူတို့ကို ဇူလိုင်လ (၁၅) ရက်နေ့ နံနက် (၁၀း၃၀) အချိန်တွင် အာဟာရကုသိုလ်ပြုခဲ့ကြ သည်။ အာဟာရဒါနကုသိုလ်ကောင်းမှုပွဲသို့ မုံရွာခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင် များ တက်ရောက်ကြပါသည်။

ဟုမ္မလင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို

 

ဟုမ္မလင်း ဇူလိုင် ၁၁

ကနီမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးကော်မတီဝင်များ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ

 

ကနီ ဇူလိုင် ၅

ကနီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယက ဦးရှိန်၊ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦးနှင့် ကော်မတီဝင်များသည် ကနီမြို့နယ် မိုးကောင်းအုပ်စု မိုးကောင်း ကျေးရွာပါတီဥက္ကဋ္ဌ နေအိမ်၌ ယနေ့မွန်းတည့် ၁၂ နာရီက ရပ်/ကျေးကော်မတီဝင်များ၊ ရပ်မိ/ ရပ်ဖများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

သွားရောက်တွေ့ဆုံရာတွင် ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ စီးပွားရေး၊ ဘာသာရေးအခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ရွှေဘိုခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရွှေဘိုခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့ နယ် ခရိုင်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁ဝ နာရီက ရွှေဘို ခရိုင်ပါတီရုံးတွင်ကျင်းပရာ ခရိုင်ပါတီဥက္ကဋ္ဌဦးစိုးအေးက တိုင်း ဒေသကြီးပါတီ၏ လမ်းညွှန်မှုများ အား ထပ်ဆင့်ရှင်းလင်းပြီး မြို့နယ် ပါတီဥက္ကဋ္ဌများက မိမိတို့မြို့နယ် များ၏ လုပ်ငန်းဆောင်ရွက်ချက် များကို အသီးသီးဆွေးနွေးကြ သည်။
ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးအေးက ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေးပြီး မွန်းတည့် ၁၂ နာရီ တွင် အစည်းအဝေးပြီးမြောက် ခဲ့ကြောင်း သိရသည်။

မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ လပါတ်ပုံမှန်အစည်းအဝေးပြုလုပ်

 

၂၀၁၈ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးကို ပြည်ခိုင်ဖြိးပါတီရုံးခန်းမ၌ ကျင်းပခဲ့ပါသည်။ ယင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဗဟိုကော်မတီဝင်၊ တိုင်းကော်မတီဝင်၊ မုံရွာခရိုင်တာဝန်ခံ ဒေါက်တာ ၀င်းမြင့်အောင်၊ တိုင်းကော်မတီ ခရိုင်တာဝန်ခံ (တွဲဘက်) ဒေါ်ညွန့်ညွန့်ဌေး၊ ခရိုင်ပါတီဥက္က ဦးအောင်တိုးနှင့် ခရိုင်ပါတီကော်မတီဝင်များ (၁၁) ဦး တက်ရောက်ကြပါသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းကော်မတီ ခရိုင်တာဝန်ခံမှ အရောင်ပြောင်း စီမံချက်၊ အမျိုးသားရေးလှုပ်ရှားမှု ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လက် ပိုမိုဆောင်ရွက်ကြရန်နှင့် တက်ရောက်လာသော ခရိုင် (EC) များမှ တင်ပြဆွေးနွေးမှုများကို ပြန်လည်ဆွေးနွေးရှင်းပြပေးခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးဖွင့်လှစ်သည့် ပြည်သူ့ဆက်ဆံရေး(နည်းပြ)သင်တန်း သင်တန်းဆင်းပွဲအခမ်း အနားကျင်းပပြုလုပ်

 

မုံရွာ-ဇွန် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သည့် ပြည်သူ့ဆက်ဆံရေး (နည်းပြ)သင်တန်းကို တိုင်းပါတီရုံး၍ ၂၀-၆-၂၀၁၈ မှစ၍ ၃၀-၆-၂၀၁၈ရက်နေ့ထိ ၁၁ရက်ကြာ ဖွင့်လှစ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ ပါတီဝင်သင်တန်းသားစုစုပေါင်း (၄၁)ဦးတတ်ရောက်ခဲ့ကြပြီး ဒီကနေ့နံနက်(၀၉:၀၀)နာရီအချိန်တွင် သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းကအဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် (၀၉:၃၀)မိနစ်အချိန်တွင် အောင်မြင်စွာပြီးစီးခဲ့ပါသည်။

စစ်​ကိုင်းတိုင်း​ဒေသကြီး ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ပါတီအလံတင်​အခမ်း အနားပြုလုပ်

 

စစ်​ကိုင်းတိုင်း​ဒေသကြီး ၊ မုံရွာမြို့ ၊ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ၊တိုင်း ပါတီရုံး၌ ၊ ယ​နေ့ ဇွန်​လ ၂၇ ရက်​​နေ့ ၊နံနက်​ ၀၉း ၀၀ နာရီအချိန်​က ပါတီအလံတင်​အခမ်း အနားပြုလုပ်​ပါသည်​။
ပါတီအလံတင်​အခမ်းအနားသို့ ၊စစ်ကိုင်းတိုင်းဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ဇော်​ဦးနှင့်​တိုင်းပါတီ​ကော်​မတီဝင်​များ ၊ ပြည်​သူ့ဆက်​ဆံ​ရေးနည်းပြသင်​တန်း သား/သူများ စုစု​ပေါင်း( ၄၇ )ဦးတက်​​ရောက်​ပါသည်​။
အခမ်းအနားတွင်​၊ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေး နှင့်​ဖွံ့ဖြိုး​ရေးပါတီအလံအား လွှင့်​ထူပြီး ၊ နိုင်​ငံ​တော်​အလံအားအ​လေးပြုကာ၊ တက်​​ရောက်​လာသူများက “နိုင်​ငံ​တော်​” သီချင်း သံပြိုင်​သီဆို အဓိဋ္ဌာန်​ပြုခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်​ပုံများရိုက်​ကူးကာ မနက်(၀၉:၁၅)အချိန်တွင် အခမ်းအနားကို ရုတ်​သိမ်းခဲ့ပါသည်​။

စစ်ကိုင်းတိုင်းဒေသကြီး | ယင်းမာပင်ခရိုင် |ယင်းမာပင်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးသို့ ပြည်သူ(၆၈၀)ဦး ပါတီထဲဝင်ရောက်၍ ပါတီဝင်အဆိုပြုလွှာ​ပေးအပ်

 

ယင်းမာပင်​။ ဇွန်​ ၂၄။

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ယင်းမာပင်​ခရိုင်​၊ ​ယင်းမာပင်​မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ပါတီဝင်(၆၈၀)ဦးအား၊​ အဆိုပြုလွှာစု​ပေါင်း ​ပေးအပ်​ပွဲကို ယ​နေ့(ဇွန်​လ ၂၄)ရက်​က ပညာဇွဲမာန်​ခန်းမ၌ပြုလုပ်​​ခဲ့ရာ၊ယင်းမာပင်​မြို့နယ်​၊ကျေးရွာအုပ်​စု( ၄၆ )အုပ်​စုရှိ ​ကျေးရွာ​ပေါင်း ( ၁၆၂)ရွာနှင့်​ ရပ်​ကွက်​(၂)ရပ်​ကွက်​ရှိ ၊ ပါတီဝင်​အဆိုပြုလွှာစုစု​ပေါင်း (၆၈၀ ) ဦးကို စု​ပေါင်း
အဆိုပြုလွာ​ပေးအပ်​လျက်​ ၊ပါတီဝင်​သစ်​များကို လှိုက်လှဲစွာကြိုဆို၍ တိုင်းပါတီ​ဥက္ကဌဒေါက်​တာမြင့်​သိန်း၊ တိုင်းပါတီအတွင်း​ရေးမှူး ဦး​အောင်​​ဇော်​ဦး ​၊ တိုင်း​ပါတီ​ကော်​မတီဝင် ​ဒေါ်ယဉ်​မာဝင်း၊ တိုင်းအရံပါတီကော်မတီဝင်​ဒေါ်ကြူမိုးသန့်​ တို့ကပါတီဝင်​ရင်​ထိုးတံဆိပ်​များတပ်​ဆင်​​ပေးခဲ့ပါသည်​။