
ဘောလုံးအားကစားအတွက် ရှက်ဖွယ်လိလိဖြစ်စေခဲ့သော ဖြစ်ရပ်၌ ပြင်သစ်နိုင်ငံ မာဆေးမြို့တွင် ရုရှားနှင့် အင်္ဂလန် ဘောလုံး ပရိသတ်များ ခိုက်ရန် ဖြစ်ပွားခဲ့ပြီး အင်္ဂလန်ပရိသတ် တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်နေရသည်။
အင်္ဂလန်နှင့် ရုရှားပွဲ မတိုင်မီ နှစ်ဖက်ပရိသတ်ကြား အကြိမ်ကြိမ် ခိုက်ရန်ဖြစ်ပွားခဲ့သဖြင့် ပြင်သစ် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များ အသုံးပြု ဖြိုခွင်းခဲ့သည်။ အင်္ဂလန်ပရိသတ်တစ်ဦး သည် စိုးရိမ်ရသော အခြေအနေရှိသည်ဟု ဒေသခံရဲအရာရှိ လော ရင့်နူနက်စ်က ပြောသည်။








