
အောက်တိုဘာလထဲမှာ One Championship (MMA) ပြိုင်ပွဲတစ်ရပ် ရန်ကုန်မြို့မှာ ကျင်းပဖို့ ရှိနေပြီး အဆိုပါ ပြိုင်ပွဲမှာ အောင်လအန်ဆန် ပါဝင်မယ်လို့ သိရပါတယ်။

အောက်တိုဘာလထဲမှာ One Championship (MMA) ပြိုင်ပွဲတစ်ရပ် ရန်ကုန်မြို့မှာ ကျင်းပဖို့ ရှိနေပြီး အဆိုပါ ပြိုင်ပွဲမှာ အောင်လအန်ဆန် ပါဝင်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို မြန်မာဘရူဝါရီ လီမိတက်က ၁ နှစ်ကို ၁ ဒသမ ၂ သန်းနဲ့ ၅ နှစ်အတွက် ၆ သန်း ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

ဝေးလ်စ်ကြယ်ပွင့် ဟဲရော့ဘ်ဆင်ကနူးသည် မည်သည့်အသင်းနှင့်မျှ စာချုပ်ချုပ်ဆိုထားခြင်း မရှိသော်လည်း ယူရိုပြိုင်ပွဲတွင် ထင်ရှားလာခဲ့ပြီးနောက် ကမ်းလှမ်းမှု အများအပြားရှိလာသည်ဟုပြောသည်။
ရော့ဘ်ဆင်ကနူး (၂၇) နှစ် သည် ရီဒင်းအသင်းတွင် (၁၂) နှစ်ကြာ ကစားခဲ့ပြီးနောက် ယူရို ပြိုင်ပွဲမတိုင်မီ စာချုပ်ကို သက်တမ်းကုန်ဆုံးခွင့်ပြုခဲ့သည်။ ယူရိုပြိုင်ပွဲတွင် ၎င်း၏ခြေစွမ်းမှာ အကောင်းဆုံးဖြစ်ခဲ့ပြီးနောက် ရီဒင်းနှင့် စာချုပ် အဆုံးသတ်လိုက်ခြင်းမှာ ကောင်းမွန်သော လုပ်ရပ် ဖြစ်နိုင်သည်။

ယူရို ၂၀၁၆ ဆီမီးဖိုင် နယ်ပွဲများကို ပေါ်တူဂီမှ ၀ီလီယမ် ကာဗယ်ဟို၊ ဝေးလ်စ်မှ ဘန်ဒေးဗစ်နှင့် ရမ်ဆေး၊ ဂျာမနီမှ ဟမ်းမဲလ်တို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည် ဖြစ်သည်။ ဂျာမနီ တိုက်စစ်မှူးဂိုမက်ဇ်မှာ ဒဏ်ရာကြောင့် ပြိုင်ပွဲတွင် ပြန်လည် ကစားနိုင်တော့မည် မဟုတ်ပေ။

အမေရိကန်တင်းနစ် မယ် ဆရီနာဝီလီယံသည် ၎င်း၏ ဂရင်းဆလမ်နိုင်ပွဲ ၃၀၀ မြောက်ရရှိရန် ၅၁ မိနစ်သာ ကြာမြင့်ခဲ့ ပြီး ၀င်ဘယ်ဒန်ပြိုင်ပွဲ၏ နောက်ဆုံး (၁၆) ဦးအဆင့်သို့ တက်ရောက်သွားသည်။
လက်ရှိဝင်ဘယ်ဒန်ချန်ပီယံ သည် ဂျာမနီမှ ကမ္ဘာ့အဆင့် (၄၃)အန်နီက ဘက်ကို ၆-၃၊ ၆-၀ ဖြင့်နှစ်ပွဲပြတ် အနိုင်ယူပြီး (၁၆) ဦး အဆင့်တွင် ဂရင်းဆလမ်ချန်ပီယံ နှစ်ကြိမ်ဖြစ်ဖူးသူ ကုဇနက်ဆိုဗာ နှင့် တွေ့ဆုံမည်ဖြစ်သည်။
ဧရာဝတီယူနိုက်တက် အသင်းမှ ကစားသမားအချို့ လုပ်ပွဲကစားခဲ့သည်ဟု တိုင်ကြားစာ လက်ခံရှိထားမှုအပေါ် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို အဖွဲ့ ဝင်ငါးဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။
အသင်းတာဝန်ရှိသူတစ်ဦး ပါဝင်ပတ်သက်မှုဖြင့် ဧရာဝတီအသင်းမှ ကစားသမားအချို့သည် ၂၀၁၆ အူရီးဒူး မြန်မာလိဂ် ပွဲစဉ်အချို့နှင့် ၂၀၁၆ အေအက်ဖ် စီဖလား အုပ်စုပွဲစဉ်တစ်ပွဲ၌ လုပ် ပွဲကစားခဲ့သည်ဟု အသင်းနှင့် နီးစပ်သူ တစ်ဦးက သတင်းပေးတိုင်ကြားမှုအပေါ် ဘောလုံးအဖွဲ့ချုပ်ထံသို့ ဧရာဝတီအသင်းက တိုင်ကြားစာ ပေးပို့ထားသည်။

Photo: UEFA
ပေါ်တူဂီ နှင့် ဝေးလ်စ်
(မြန်မာစံတော်ချိန် ကြာသပတေး နံနက် ၁း၃၀)
ဂျာမနီ နှင့် ပြင်သစ်
(မြန်မာစံတော်ချိန် သောကြာ နံနက် ၁း၃၀)

မန်စီးတီးအသင်းနည်းပြသစ်ဂွါဒီယိုလာသည် ယနေ့(တနင်္ဂနွေနေ့)က မိတ်ဆက်ပွဲအခမ်းအနားပြုလုပ်ခဲ့ပြီး ၎င်းက မန်စီးတီးအသင်းကို ကိုင်တွယ်ခွင့် ရခဲ့ခြင်းမှာ မိမိ၏ အိပ်မက်များ အမှန်တကယ် ဖြစ်လာခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက်(၄၅)နှစ်အရွယ် ရှိပြီဖြစ်သူ ဂွါဒီယိုလာသည် မိတ်ဆက်ပွဲအခမ်းအနားကို မန်စီးတီးအသင်း အကယ်ဒမီကွင်း တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပရိသတ် (၅၈၀၀)ခန့် လာရောက်အားပေးခဲ့ကြောင်းသိရသည်။
-Ref; Daily Mail

ဘော်ဒိုး – မာဆေးအသင်းမှ ဘယ်လ်ဂျီယံတိုက်စစ်မှူး ဘတ် ချွာယီကို ချယ်လ်ဆီးအသင်းက ငါးနှစ်စာချုပ်ဖြင့် အပြီးသတ် ခေါ်ယူလိုက်သည်။ ချယ်လ်ဆီးအသင်းက ယူရို သန်းလေးဆယ်ပေး၍ ခေါ်ယူလိုက်သည့် ဘတ်ချွာယီ သည် နည်း ပြသစ်ကွန်တီ၏ ပထမဆုံးခေါ်ယူ သည့် ကစားသမားဖြစ်လာသည်။

ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး မက်ဆီ သည် လက်ရှိတွင် လုပ်ခလစာ ယူရို ၂၂ သန်း ရရှိလျက်ရှိပြီး တိုက်စစ်မှူး နေမာသည် ဘာစီလိုနာအသင်းနှင့် ငါးနှစ် သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့မည်ဆိုပါက လုပ်ခ လစာ ယူရို ၂၅ သန်း ရရှိမည် ဖြစ်သောကြောင့် မက်ဆီထက် နေမာက ဝင်ငွေ ပိုရရှိမည်ဖြစ်ကြောင်း မာကာသတင်းဌာနက သတင်းဖော်ပြ သည်။