
မန်ချက်စတာစီးတီးအသင်းရဲ့ ဂိုးသမား အီဒါဆန်ဟာ အသင်းနဲ့အတူ လိဂ်ဖလား နဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ရယူခဲ့အပြီးမှာတော့ ဂင်းနစ်စံချိန်ဝင် မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့တယ်လို့ သိရပါတယ်။ ဘရာဇီးလ်ဂိုးသမား အီဒါဆန်ဟာ ဘင်ဖီကာအသင်းမှ ပြောင်းရွှေ့လာပြီး သူ့ရဲ့ မန်စီးတီးကစားသမားဘ၀ ပထမဆုံးရာသီမှာပဲ ဆုဖလား (၂)လုံးကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။








