
မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ လိဂ်မန်နေဂျာများအစည်းအရုံးက ပေးအပ်တဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ အမှတ် (၁၀၀) အပြည့် ရရှိပြီးတော့ ဆုဖလားဆွတ်ခူးနိုင်ခဲ့ပြီးတော့ သွင်းဂိုးစုစုပေါင်း (၁၀၆) ဂိုးထိ သွင်းယူနိုင်အောင် မန်စီးတီးကို ဦးဆောင်နိုင်ခဲ့ပြီး ဂွာဒီယိုလာဟာ အဆိုပါဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နည်းပြဆုကိုလည်း ဆွတ်ခူးခဲ့ပြီး ဆု(၂)ခု လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။









