
မန်ယူနည်းပြဟောင်း ဖာဂူဆန်ရဲ့ ကျန်းမာရေး ရေရှည်တည်ငြိမ်ဖို့အတွက် လာမယ့်သီတင်းပတ်တွေက အဆုံးအဖြတ်ပဲလို့ ဆရာဝန်တွေက ပြောလိုက်ပါတယ်။
အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ဖာဂူဆန်ဟာ ပြီးခဲ့တဲ့စနေနေ့က ဆဲလ်ဖို့ဒ်ရွိုင်ရယ်ဆေးရုံမှာ ဦးနှောက်ကို အရေးပေါ် ခွဲစိတ်ကုသခံထားရတာပါ။ သူ့အခြေအနေဟာ တည်ငြိမ်နေပြီဖြစ်ပေမယ့် လာမယ့် ၄၈နာရီအထိတော့ ဆက်လက် စောင့်ကြည့်ရဦးမယ်လို့လည်း ဆိုပါတယ်။









