
ယခုတစ်ပတ်မှာ စီးရီးအေပွဲစဉ်တွေ ပြန်လည်စတင်တော့မှာ ဆိုပေမယ့် ဂျီနိုအာမှာ ပွန်တီမိုရန် ဒီတံတား ပြိုကျခဲ့မှုကြောင့် အဖွင့်ပွဲစဉ်နှစ်ပွဲကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ ဂျီနိုအာအခြေစိုက် အသင်းနှစ်သင်း ဖြစ်တဲ့ ဂျီနိုအာနဲ့ ဆမ်ဒိုးရီးယားပွဲစဉ်နှစ်ပွဲကို ရွှေ့ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။ ဆမ်ဒိုးရီးယားက အိမ်ကွင်းမှာ ဖီအိုရင်တီးနားနဲ့ ကစားရမှာဖြစ်ပြီး၊ ဂျီနိုအာက မီလန်မှာ အေစီမီလန်နဲ့ သွားရောက်ကစားရမှာဖြစ်ပါတယ်။









