
မက်ဂရီဂေါ်ကို အနိုင်ရခဲ့တဲ့ UFC 229 ပွဲစဉ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် နီဗားဒါးပြည်နယ် အားကစားကော်မရှင်က ခါဘီနာမာဂိုမီဒေါ့ဗ်နဲ့ မက်ဂရီဂေါ်တို့ကို ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့က ထိုးသတ်ခဲ့ကြတဲ့ UFC 229 သိုင်းပေါင်းစုံပွဲစဉ်မှာ ခါဘီနာမာဂိုမီဒေါ့ဗ်က ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့ပြီး လိုက်ဝိတ်ရွှေခါးပတ်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။









