
အာဖရိက ကြက်တောင်အဖွဲ့ချုပ်မှ ကျင်းပသည့် ၂၀၁၉ အိုင်ဗရီကို့စ် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲကို ဇူလိုင် ၄ ရက်မှ ၇ ရက်အထိ ကျင်းပ ခဲ့ရာ မြန်မာ့လက်ရွေးစင်ကြက်တောင်မယ် သက်ထားသူဇာသည် ပါကစ္စတန်၊ အီရန်၊ အိန္ဒိယတို့မှ ကစားသမားများကို ကျော်ဖြတ်ပြီး အနိုင် ရရှိကာ ဗိုလ်စွဲနိုင်ခဲ့ကြောင်း သိရသည်။ ဇူလိုင် ၇ရက်က ကျင်းပသည့် ကြက်တောင်ပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲတွင် မြန်မာကစားသမား သက်ထားသူဇာသည် ကမ္ဘာ့အဆင့် (၈၂)ရှိ အိန္ဒိယနိုင်ငံသူ Sri Krishna Priya Kudaravalli ကို ၂၁-၁၈၊ ၂၁-၁၃ မှတ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရကာ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။









