
MMA ၀ိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လအင်န်ဆန်းသည် နောက်သုံးနှစ်တွင် MMA ကစားသမားဘ၀မှ အနားယူရန် စီစဉ်ထားပြီး အနားယူပြီးပါက မြန်မာနိုင်ငံ၌ မိသားစုနှင့်အတူ လာရောက်အခြေချနေထိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ အသက် (၃၃)နှစ်အရွယ် အောင်လအင်န်ဆန်းသည် လက်ရှိတွင် MMA(One Championship) မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခု ပိုင်ရှင်ဖြစ်သည်။









