
ဖော်ဘတ်စ် မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဝင်ငွေအများဆုံး အားကစားမယ်စာရင်းမှာ ဂျပန်တင်းနစ်မယ် အိုဆာကာက ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။(၂၀၁၈) ပြင်သစ်အိုးပင်းနဲ့ (၂၀၁၉) ဩစတြေးလျအိုးပင်း ချန်ပီယံဆု ရှင်ဖြစ်ခဲ့တဲ့ အိုဆာကာက ဝင်ငွေစုစုပေါင်း ဒေါ်လာ (၃၇ ဒဿမ ၄)သန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။









