
ဥရောပရှိ တန်ဖိုးအကြီးဆုံးကစားသမားစာရင်းကို ပြင်သစ် နှင့် ပီအက်စ်ဂျီလူငယ်တိုက်စစ်မှူးမက်ဘီက ဦးဆောင်ခဲ့သည်။ ယင်းဇယားတွင် မက်ဘီ၏ နောက်၌ မန်စီးတီးမှစတာလင်၊ ဒေါ့မွန်မှဆန်ချို၊ လီဗာပူးမှ အာနိုးလ်နှင့် မန်ယူမှရက်ခ်ျဖို့ဒ်စသော အင်္ဂလန်ကစားသမားများက အစဉ်လိုက်ရပ်တည်နေသည်။
မက်ဘီ၏ တန်ဖိုးက ပေါင် ၂၃၀ ဒသမ ၅ သန်း၊ စတာလင်က ပေါင် ၁၇၃ သန်း၊ ဆန်ချိုက ပေါင် ၁၅၉ သန်း၊ အာနိုးလ်က ပေါင် ၁၅၂ သန်းနှင့် ရက်ခ်ျဖို့ဒ်က ပေါင် ၁၃၆ သန်းရှိသည်။









