အမရပူရမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးတွေ့ဆုံပွဲနှင့်ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းပြုလုပ်

(၃၀.၁၁.၂၀၂၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင်အမရပူရမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီမှ အမျိုးသမီးတွေ့ဆုံပွဲကျင်းပခဲ့ပါသည်။ တွေ့ဆုံပွဲတွင် အမရပူရခရိုင်/မြို့နယ်ပါတီဥက္ကဌ ဒေါ်စောမြိုင်မှ အမျိုးသမီး ကဏ္ဍမှ ဆက်လက်ဆောင်ရွက်ရမည့်ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းပြောကြားခဲ့ပြီး ဆပ်ပြာဆီပြုလုပ်နည်းအား လက်တွေ့သရုပ်ပြရှင်းလင်းကာ တက်ရောက်လာကြသူများအား ဆပ်ပြာဆီဗူးများလက်ဆောင်ပေးအပ်ခဲ့ကြပါသည်။

အဆိုပါအမျိုးသမီးစကားဝိုင်းဆွေးနွေးပွဲနှင့်ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းသို့ အမရပူရခရိုင်/မြို့နယ်ပါတီဥက္ကဌ ဒေါ်စောမြိုင်၊ ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးတာဝန်ခံ ဒေါ်မြမြသက်နှင့် အမျိုးသမီး ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။


တိုင်း/ခရိုင်/မြို့နယ်/ရပ်/ ကျေးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၃၀-၁၁-၂၀၂၂)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် ရမည်းသင်းခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ မန္တလေးတိုင်း ဒေသကြီးပါတီနှင့် ရမည်းသင်းခရိုင်/ရမည်းသင်းမြို့နယ်/ရပ်ကျေး ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်တို့ကလာမည့် ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စနစ်အကြောင်းအားလည်းကောင်း၊ ပထမ(၃)လပတ်၊ရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ ပါတီဝင်အင်အားစိစစ်ရေး၊ ပါတီဝင်အသစ်နှင့်ပါတီဝန်းရံသူများ တိုးချဲ့ စည်းရုံးရေး၊ လူငယ်/ အမျိုးသမီးကဏ္ဍစကားဝိုင်းဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ကျင်းပရေး လုပ်ငန်းစဉ်များအား လည်းကောင်း၊ပြည်သူလူထုနှင့်ထိတွေ့ဆက်ဆံရာတွင် အသွင်သစ်ဖြင့်ထိတွေ့ဆက်ဆံရေး လုပ်ငန်းစဉ်များအား လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပါတီဗဟို အလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌဦးအောင်ကျော်မိုးကပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။

နေပြည်တော် ပြည်ထောင်စုနယ်မြေ လယ်ဝေးခရိုင် လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှလူထုတွေ့ဆုံပွဲကျင်းပ

နေပြည်တော် ပြည်ထောင်စုနယ်မြေ လယ်ဝေးခရိုင် လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူထုတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဦးလှဆွေ အတွင်းရေးမှူး ဦးဝင်းဌေး နှင့်ကော်မတီဝင်များ လယ်ဝေးခရိုင် ပါတီဥက္ကဌနှင့် ကော်မတီဝင်များ လယ်ဝေးမြို့နယ်ပါတီဥက္ကဌနှင့်ကော်မတီဝင်များ အုပ်စုပါတီဥက္ကဌများ ရပ်ကွက် ကျေးရွာ ပါတီ စည်းရုံးရေးမှူးများ မြို့မိမြို့ဖများ ပါတီဝင်များ ပါတီဝန်းရံသူ အင်အား (၁၀၀)ကျော်ဖြင့်နံနက် (၉)နာရီအချိန်တွင်ကျင်းပနိုင်ခဲ့ပါသည်

တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှ မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ တာဝန်ရှိသူများ နှင့်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး သယ်န်းကျွန်းခရိုင်တာမွေမြို့နယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မှ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့နှင့် ယနေ့ (၂၉.၁၁.၂၀၂၂) နံနက်(၁၀)နာကီ မှ (၁၁:၃၀)ထိသွားရောက် တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံရာတွင် တာမွေမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဗိုလ်ကြီးမင်းချိုဦးနှင့် အဖွဲ့ဝင်လေးဦး၊ တာမွေ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှုး ဦးအောင်ခင်၊ စည်းရုံးရေးရာတာဝန်ခံဦးမြက်မင်းစိုးတို့တွေ့ဆုံခဲ့ကြ ပြီး ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

အောင်မင်္ဂလာတံတားသစ်ဖွင့်လှစ်ပွဲသို့မြို့နယ်ဥက္ကဋ္ဌ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ်းခမ်းမြို့တွင်  ဒေသခံပြည်သူများ လမ်းပမ်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန် အတွက် နမ်းခမ်းမြို့၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများက လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ခဲ့ပြီး ဆောက်လုပ်ပြီးစီးသွားသည့် အောင်မင်္ဂလာ တံတားဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၂၈) ရင်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ နမ်းခမ်းမြို့နယ် ပြညိထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမိုင်းထွန်းအောင်မှ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးအဖက်ဖက် မှ ကူညီအားပေးခဲ့ကြသည့် အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများအား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရပါသည်။

အန္တိမစျာပနကျင်းပနိုင်ရေးပြည်ခိုင်ဖြိုးပါတီမှ ဆွေးနွေးညှိနှိုင်း၍ဝိုင်းဝန်းကူညီ

၂၈.၁၁.၂၀၂၂ ရက်နေ့ည ၉ နာရီ ၂၀ မိနစ်အချိန် ဘဝနတ်ထံပျံလွန်တော်မူသွားသော နမ့်ခမ်းမြို့ ဒက္ခိဏာရုံ ကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တ နန္ဒာစရိယ(အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက) နိုင်ငံတော်သြဝါဒ စာရိယဆရာတော် နှင့်ပြည်တွင်းပြည်ပ မဟာစည်ပရိနာယက၊တအာင်းစာပြုပုဂ္ဂိုလ်ကြီး သက်တော် ၉၃ နှစ် ၊ဝါတော် ၇၃ ဝါအား နမ့်ခမ်းမြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နှင့် မြို့နယ်ပါတီဝင်များသွားရောက်ဖူးမြော်ပြီး အန္တိမဈာပန ကျင်းပနိုင်ရေးအတွက် တိုင်ပင်ဆွေးနွေး  ညှိနိုင်းကူညီ ဆောင်ရွက် ခဲ့ကြပါသည်။

ဒုတိယအကြိမ်မြောက်အခြေခံစားသောက်ကုန်ထောက်ပံ့

မကွေးတိုင်းဒေသကြီး၊ချောက် မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ  ဒုတိယအကြိမ် အခြေခံ စားသောက်ကုန်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအားယနေ့နံနက် ၉  နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာ ချောက်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ  ဦးဝင်းနိုင်ဦး   ချောက် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ  ဦးသန်းလှိုင်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဖေသန့်ဇော် နှင့် ခရိုင်ပါတီကော်မတီဝင်များ၊  မြို့နယ်ပါတီကော်မတီဝင်များမှ အိမ်ထောင်စု (၂၄၀) ဦးအား  တစ်ဦးလျှင် ဆန် (၂)  ပြည်၊ဆီ (၅၀)သား   ငါးသေတ္တာ (၂) ဗူး  ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရပါ သည်။

မန္တလေးတိုင်းဒေသကြီးပါတီနှင့်ခရိုင်ပါတီဥက္ကဌများ Zoom Meeting ဖြင့်အစည်းအဝေးပြုလုပ်

(၂၉-၁၁-၂၀၂၂)ရက်နေ့ (၁၁)နာရီမှ(၁၂:၃၀)အချိန်ထိ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီး ပါတီကော်မတီနှင့် တိုင်းဒေသကြီးအတွင်းရှိခရိုင်ပါတီဥက္ကဌများ Zoom Meeting ဖြင့်အစည်းအဝေးကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးတွင်ပါတီဗဟိုဌာနချုပ်၏ လမ်းညွှန်ချက်ဖြစ်သောပထမ(၃)လပတ်၊ ရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်များအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ ပြန်လည်တင်ပြရေးအတွက် ပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက် သူများကသိရှိလိုသည်များပြန်လည်မေးမြန်းတင်ပြခဲ့ပါသည်။ ယနေ့ကျင်းပသည့် Zoom Meeting ဖြင့်ပြုလုပ်သည့် အစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌဦးအောင်ကျော်မိုး၊ အတွင်းရေးမှုး ဦးညွန့်ဆောင်၊ ဘဏ္ဍာရေးမှုးဒေါ်သိင်္ဂီအောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်(၁၁)ခရိုင်မှ ဥက္ကဌများ တက်ရောက်ခဲ့ကြပါသည်။

ပြည်နယ်ဥက္ကဋ္ဌမှဆွမ်းဆန်အိတ်များလှူဒါန်း၍ သာသနာရေးဆိုင်ရာကိစ္စများလျှောက်ထား

ရှမ်းပြည်နယ် မြောက်ပိုင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းသည် ၂၀၂၂ ခုနှစ်။ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကွမ်းလုံမြို့ တံတားဦးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမျှော်၍ ဆွမ်းဆန်အိတ်များ ဆပ်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စများ လျှောက်ထားဆွေးနွေးခဲ့ကြောင်းသိရပါသည်။

 


ရက် (၉၀)စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဆွေးနွေး

ပဲခူးတိုင်းဒေသကြီး(အနောက်)၊ရွှေတောင်းမြို့နယ်  ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးခင်အောင်ဝင်းသည် 29.11.2022ရက် နေ့နံနက်(11:00)နာရီအချိန် ရက်(၉၀) စီမံချက်အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရွှေတောင်မြို့နယ် ပါတီရုံးတွင်ဒုရင်ဒုဘိုအုပ်စု့မှဥက္ကဌနှင့်ကော်မတီဝင်များအားတွေ့ဆုံဆွေးနွေးခဲ့့ပါသည်။