
ပေါင်းတလည် မတ် ၂၄
(၂၄.၃.၂၀၂၃)ရက်နေ့ နံနက် (၈)နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း သည်၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ဒေါ်ခင်ရွှေမြင့်၊တိုင်းပါတီဥက္ကဋ္ဌဦးအောင်ချိုဦး၊ အတွင်းရေးမှူး ဦးကျော်ကျော်လင်း တို့နှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့နယ်၊ပေါင်းတလည်မြို့၊ဗြူးကုန်းအုပ်စု၊မြို့လှကျေးရွာရှိ
ဒေသခံတောင်သူဦးကြီးများ၊ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ပါသည်။
ဦးစွာပထမ၊ဗြူးကုန်းအုပ်စု မြို့လှတောင်ကျောင်းဆရာတော် ဥူးကောသလ္လအားဖူးမြော်ကန်တော့၍ သာသနာရေး ဆိုင်ရာများ မေးမြန်းလျှောက်ထားပြီး ဆရာတော်အားလှူဖွယ် ပစ္စည်းများနှင့် နဝကမ္မအလှူငွေဆက်ကပ် လှူဒါန်းခဲ့ပါသည်။



























