ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အကြိုရွေးချယ်ညှိနှိုင်းပွဲနှင့် မြို့နယ်ပါတီညီလာခံ ကျင်းပရေး အစည်းအဝေးကို မေလ (၈) ရက် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပါတီကော်မတီဝင် ဒေါ်ဇာခြည်လင်း၊ ဦးသိန်းကျော်အောင် နှင့် မြို့နယ်ပါတီကော်မတီဝင်များ ရပ်ကွက်အမာခံပါတီဝင်များ တက်ရောက်ခဲ့ကြပြီး ဆောင်ရွက်ရမည့် ပါတီလုပ်ငန်းစဉ်များနှင့် ပက်သတ်၍ အသေးစိတ်လမ်းညွှန်ဆောင်ရွက်ခဲ့ကြပါသည်။