ပါတီအမာခံကေဒါ စည်းရုံးရေးမှူးများ ညောင်ဦးတွင် ရွေးချယ်ဖွဲ့စည်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် ယခုလ ၂ဝ ရက်မှစတင်ပြီး ပြည်ခိုင်ဖြိုးပါတီ အမာခံကေဒါ စည်းရုံးရေးမှူးများအား ရပ်ကျေးအုပ်စု ၉ဝ အတွင်း ရွေးချယ် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဖွဲ့စည်းရာ၌ ခရိုင်ပါတီအတွင်းရေးမှူး ဦးညွန့်ဝင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးနောင်နောင်တို့ ခေါင်းဆောင်ကာ ကျေးရွာပေါင်း ၂၂ဝ သို့ ယခုလအပြီး ဆောင်ရွက်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့်ကို ဇွန်လ တတိယပတ်တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းစိန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

U Thein Sein

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်သည် မေလ (၂၆) ရက် နံနက် (၉) နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ရန်ကုန် ရုံးခွဲ၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Hong Liang အား လက်ခံတွေ့ဆုံသည်။

ပြည်နယ်ပါတီအတွင်းရေးမှူး ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီ ကော်မတီများနှင့် တွေ့ဆုံ

13256069_1730309697256839_5580277552863451375_n

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသန့်ဇင် နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီ ကော်မတီဝင်များ တွေ့ဆုံပွဲကို မေ(၂၆)ရက်၊ နေ့လည် (၁၂)နာရီချိန်က ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါတွေဆုံပွဲတွင် ပြည်နယ်ပါတီအတွင်းရေးမှူးမှ ပါတီရှေ့ဆက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ပါတီစည်းမျဉ်း စည်းကမ်းများ၊ ဗဟိုပါတီဌာနချုပ်၏ လမ်းညွန်ချက်များကို ရှင်းလင်းပြောကြာခဲ့သည်။

တိုင်းပါတီအတွင်းရေးမှူးနှင့်အဖွဲ့ မြင်းခြံခရိုင်/ မြို့နယ်ပါတီကော်မတီများနှင့် တွေ့ဆုံ

13245333_493538464104334_1164125714112681864_n

မန္တလေးတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းမောင်၊ တိုင်းပါတီကော်မတီဝင် ဦးကျော်မြင့်၊ ဦးအောင်ဇံ၊ ဦးမျိုးမြင့်တို့အဖွဲ့သည် မြင်းခြံခရိုင်ပါတီ အတွင်းရေးမှူး ဦးတင်အောင်ညွန့်၊ ခရိုင်ပါတီကော်မတီဝင် ဦးမျိုးကျော်ဇင်၊ ဦးကျော်ဆန်းဦး၊ မြို့နယ် ပါတီအတွင်းရေးမှူး ဦးမိုဇော်နှင့် ကော်မတီဝင်မျာအား ယနေ့ (မေလ ၂၇) ရက်နေ့ နံနက်ပိုင်းက ခရိုင်ပါတီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ပါတီကိစ္စရပ်များဆွေးနွေးတိုင်ပင်ခဲ့ကြောင်း သိရသည်။

ကျောက်မဲ ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ဖွင့်လှစ်သည့် နွေရာသီ အခမဲ့ သင်တန်းဆင်းပွဲ ကျင်းပ

13240138_388640261311107_7799717034209664602_n

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ဖွင့်လှစ်သည့် နွေရာသီ သုံးလအတွင်း (၄) တန်း (၈) တန်း အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘာသာရပ်များ အခမဲ့သင်တန်းဆင်းပွဲ အခမ်းအနားကို ရုံးခန်းမရှိ သင်တန်းခန်းမတွင် မေလ (၂၆) ရက်နေ့ နံနက် (၁၁) နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ရာ ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ မြို့နယ် ပါတီ ကော်မတီဝင်များ ကျောင်းသား ၊ကျောင်းသူမိဘများ တက်ရောက်ကြသည်။

သာစည်ပြည်ခိုင်ဖြိုး ယင်အန္တရာယ်လျော့ပါးရေး ဆောင်ရွက်

13268206_238823593164799_1987268083547497285_o

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာခရိုင်၊ သာစည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ယင်အန္တရာယ်လျော့ပါးရေးအတွက် ဆေးဖျန်းခြင်းကို မေလ (၂၆) ရက်နေ့က ငါးဆူကျောင်းတိုက်နှင့် မကျီးအုပ်ဘုန်းတော်ကြီးကျောင်းများတွင် ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များ၊ မြို့နယ်ပါတီဖြိုးပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ ရပ်ကွက်ပါတီကော်မတီဝင်များ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Lioon Thazi

မိတ္ထီလာပြည်ခိုင်ဖြိုးပါတီဝင်များရဲ့ သန့်ရှင်းရေးလုပ်အားဒါန

MTL2

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များမှ မေလ (၂၆) ရက် နံနက်ပိုင်းက ကမ်းးနားအရှေ့ကျောင်းတိုက်အတွင်း ကုဋီဆေးခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ အောင်ဇေယျာရပ်ကွက် နယ်မြေ(၂) အတွင်းရှိ ရေဆိုးကန်နှင့် အမှိုက်ကျင်းများအား ခြင်၊ ယင် ပေါက်ပွားမှုလျော့နည်းစေရန် ဆေးဖြန်းခြင်းတို့ ပြုလုပ်ကြကြောင်း သိရသည်။

ဓူဝံ

ပြည်နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့ ဖွဲ့စည်းခြင်းလုပ်ငန်းများနှင့် အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရန် ကွင်းဆင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီိလိတ်ခရိုင်ပါတီအတွင်းရေးမှူး ဦးဘိုစံ၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်နန်ဝိုးလှိုင်း၊ စည်းရုံးရေးမှူး ဦးဘိုဘိုမောင်တို့နှင့်အတူ ကျေးရွာ/အုပ်စုပါတီများ စနစ်တကျ ဖွဲ့စည်း ရန် မေလ (၂၅) ရက် နံနက်ပိုင်းက ကွင်းဆင်းသွားရောက်ခဲ့ပါသည်။

အောင်မြေသာစံပြည်ခိုင်ဖြိုးပါတီအဆင့်ဆင့် ပြင်ဆင်ရွေးချယ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဆင့်ဆင့် ပြန်လည်ပြင်ဆင် ရွေးချယ်မူများကို မေလ (၂၆) ရက် ညနေ (၅) နာရီအချိန်က -အာင်မြေသာစံမြို့နယ် ညောင်ကွဲ ရပ်ကွက်ကြီးတွင် ရပ်ကွက်စိပ်(၁၃)ကွက်၌ စတင်ရွေးချယ်ခဲ့သည်။

ထိုသို့ရွေးချယ်ရာတွင် ခရိုင်ပါတီအတွင်းရေးမှူး ဦးဘိုသင်း၊ ခရိုင်နယ်မြေတာဝန်ခံ ဦးကျော်စန်း မြို့နယ်ပါတီအတွင်ရေးမှူး ဦးဌေး၊ ရပ်ကွက်ပါတီအဖွဲ့များ ပြင်ဆင် ရွေးချယ်ရေးအဖွဲ့များ။ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟင်္သာတမြို့နယ် တာကလေးမြို့ အခြေခံပညာမူလတန်း(လွန်)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲနှင့် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး တက်ရောက်

13267753_264725900546267_98669402551249596_n

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် တာကလေးမြို့ ကွက်သစ် အမှတ်(၄၃)အခြေခံပညာ မူလတန်း(လွန်)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲနှင့်ကျောင်း ဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မေလ (၂၅) ရက် နံနက် (၈) နာရီက အဆိုပါကျောင်း၌ ကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဟင်္သာတခရိုင် အုပ်ချုပ် ရေးမှူး ဦးစန်းဌေး၊ ပညာရေးဝန်ကြီး ဌာနဟင်္သာတခရိုင် လ/ထ ညွှန်ကြားရေးမှူး ဒေါ်အေးအေးကြူ၊ ဟင်္သာတခရိုင်၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ကျောင်း အုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်သည်။