မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အောက်ခြေ မျက်နှာစုံညီအစည်းအဝေးနှင့် မြို့နယ်အဆင့် ညီလာခံ ကိုယ်စားလှယ်ရွေးပွဲကို မေလ (၃၀) ရက်နေ့မှ စ၍ အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၄ ရပ်ကွက်များ၌ စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ နှစ်ကျိပ်ရှစ်ဆူ ဘုရားများအတွက် ငွေလှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး (ပါတီ ဗဟိုကော်မတီဝင်) ဦးအောင်တင်မြင့် သည် တိုင်းဒေသကြီး ပါတီကော် မတီဝင်များ၊ ပုသိမ်နှင့် ကန်ကြီးထောင့်မြို့နယ် ပါတီကော်မတီဝင်များနှင့်အတူ ယမန်နေ့ မွန်းလွဲ (၃) နာရီက ကန်ကြီးထောင့်မြို့နယ် ဆပ်ကွင်းရွာရှိ ဣစ္ဆာသယ ဆပ်ကွင်းကျောင်းတိုက်သို့ သွားရောက်ခဲ့ကြသည်။
ပြည်ခိုင်ဖြိုးပါတီ web site တွင် post တင်ခြင်းနှင့် လူမှုကွန်ယက်များတွင် သတင်းရေးသားခြင်း သင်တန်းဖွင့်လှစ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သော web site တွင် post တင်ခြင်းနှင့် လူမှုကွန်ယက်များတွင် သတင်းရေးသားခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ (မေလ ၃၀) ရက်နေ့ နံနက် ၈ နာရီခွဲက ပါတီဌာနချုပ်ရုံး သင်တန်းကျောင်းရှိ ပြည်ထောင်စုခန်းမကြီးတွင် ပြုလုပ်ခဲ့သည်။
“လက်ရှိတာဝန်ယူထားကြသူများအားအခြေခံပြီး မျိုးဆက်သစ်များကို အတွေ့အကြုံရှိသူများက လက်တွဲဆောင်ရွက် သွားရန်” ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး လမ်းညွှန်မှာကြား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ယခုလ (၂၆) ရက် နံနက် (၉) နာရီက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်/မြို့နယ်ပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ရပ်/ကျေး စည်းရုံး ရေးမှူးများ နှင့် မြို့မိမြို့ဖများနှင့်တွေ့ဆုံသည်။
ခရိုင်ပါတီအတွင်းရေးမှူးး အမာခံကေဒါများနှင့် တွေ့ဆုံ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးတွင် ခရိုင်ပါတီအတွင်းရေးမှူး ဦးသိန်းဇော်သည် ရပ်/ကျေးများမှ အသစ်ပြန်လည်ဖွဲ့စည်းပြီးသော အမာခံ (ကေဒါ) များနှင့် မေလ (၂၈) ရက် နံနက် (၁ဝ) နာရီ မိနစ် (၂ဝ)က တွေ့ဆုံ၍ မကြာမီ ကာလအတွင်းကျင်းပတော့မည့် မြို့နယ်ပါတီမျက်နှာစုံညီ (အကြို) စည်းဝေးအတွက် သိသင့်သိထိုက် သည်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။
ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး စက္ခုပါလာဒိဖောင်ဒေးရှင်း၏ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာရှင်များအား တတိယအကြိမ် အခမဲ့စမ်းသပ် ခွဲစိတ်ကုသရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် မေလ (၂၅) ရက် မွန်းလွဲ (၂) နာရီတွင် ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ကြီးရုံးခန်း၌ပြုလုပ်သော ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်း၏ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များကို ကိုရီးယားနိုင်ငံမှ ကျွမ်းကျင်သူအထူးကုဆရာ ဝန်ကြီးများနှင့်ပူးပေါင်း၍ တတိယအကြိမ်မြောက် အခမဲ့စမ်းသပ်ခွဲ စိတ်ကုသရေးညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ပါတီအဆင့်ဆင့် ပြန်လည်ရွေးချယ် ဖွဲ့စည်းမှု ကြိုဆိုထောက်ခံသောအားဖြင့် မလှိုင်ပြည်ခိုင်ဖြိုး ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီအဆင့်ဆင့်ပြန် လည်ရွေးချယ်ဖွဲ့စည်းမှုကို ကြိုဆို ထောက်ခံသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ခြင်ဆေးဖျန်းခြင်းနှင့် ယင်ဆေးဖျန်းခြင်း လုပ်ငန်းများကို မေလ (၂၇) ရက် နံနက်ပိုင်းက မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
ပြည်ကြီးတံခွန်ပြည်ခိုင်ဖြိုး ယင်အန္တရာယ်ကင်းစင်ရေး ဆေးဖျန်းဆောင်ရွက်ပေး
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်နိုင်ဦး ဦးဆောင်၍ တံခွန်တိုင်ရပ်ကွက်ရှိ တံခွန်တိုင်ဈေးအတွင်း ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကွယ်သောအားဖြင့် မေလ (၂၉) ရက်နေ့က ယင်ဆေးများ သွားရောက်ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
Nay Htway
အမကခွဲကျောင်းဖွင့်ပွဲအခမ်းအနား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်အားပေး
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ဖျောက်ဆိပ်ကုန်းကျေးရွာ အမကခွဲကျောင်း ဖွင့်ပွဲအခမ်းနားကို မေလ (၂၉) ရက်နေ့က ကျင်းပရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံထွန်း၊ မြို့နယ်ပညာရေးမှူး ဦးသိန်းမောင်၊ ပင်ပကျောင်းအုပ်ဆရာမ ဒေါ်ထားထားလှိုင်နှင့် ကျောင်း အကျိုးတော်ဆောင် ဦးခင်အောင်တို့ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံထွန်းက အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်မြေသာစံပြည်ခိုင်ဖြိုး ရပ်ကွက်ပါတီများ ပြန်လည်ဖွဲ့စည်း
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်ပါတီများ ပြင်ဆင်ဖွဲ့စည်းခြင်းဆောင်ရွက်လျက်ရှိရာ မေလ (၂၉) ရက်နေ့က သီရီမာလာ အနောက်ရပ်ကွက်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ မင်းတဲအီကင်းရပ်ကွက်၊ ပုလဲငွေရောင်ရပ်ကွက်၊ မဟာ ဇေယျာဘုံရပ်ကွက်နှင့် ဘုန်းတော်တိုး ရပ်ကွက်များ၌ အသီးသီး ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးစီး ခဲ့ကြောင်း သိရသည်။