ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်ပါတီ ပြင်ဆင်ဖွဲ့စည်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဆင့်ဆင့် ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်ကြီး ကျက်သရေအနောက်ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဆင့်ဆင့် ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးကို မေလ (၃၁) ရက်နေ့ နံနက် (၁၀) နာရီအချိန်က အကွက်စိပ်(၁၀)စိပ်ဖြင့် ရွေးချယ်ဆောင်ရွက်ခဲ့ပြီး ရပ်ကွက် စည်းရုံးရေးမှူးအဖြစ် ဦးသန်းအောင် အား ရွေးချယ်ခဲ့ကြောင်း သိရသည်။
ဂန့်ဂေါပြည်ခိုင်ဖြိုး ရပ်/ကျေးအစည်းအဝေးကျင်းပ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော ပထမအကြိမ် ရပ်/ကျေးပါတီညီလာခံကို ပြည်ခိုင်ဖြိုးပါတီရုံး၌ မေလ (၂၉) ရက် နံနက် (၈) နာရီတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် သဘာပတိ ခရိုင်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ချိုက အဖွင့်အမှာစကား ပြောကြားပြီးနောက် မဲဆန္ဒနယ်အမှတ်(၁) အခြေအနေနှင့် ပတ်သက်၍ တောင်ခင်ရန်းကျေးရွာ စည်းရုံး ရေးမှူး ဦးမောင်အုံးကလည်းကောင်း၊ မဲဆန္ဒနယ်အမှတ်(၂) အခြေအနေနှင့် ပတ်သက်၍ ဇာဟော ကျေးရွာ စည်းရုံးရေးမှူး ဦးဘိုစိန်ကလည်းကောင်း သုံးသပ်အကြံပြုဆွေးနွေးခဲ့ကြသည်။
တိုင်း၊ ခရိုင်ပါတီကော်မတီနှင့် မြို့နယ်ပါတီကော်မတီများတွေ့ဆုံ
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်ချိုဦးနှင့် တိုင်းပါတီကော်မတီဝင်၊ ပြည်ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင် ပါတီကော်မတီဝင်များသည် ပေါင်းတည်မြို့နယ် ပါတီကော်မတီဝင်များနှင့် မေလ (၃၀) ရက် နေ့လည် (၂) နာရီအချိန်က ပေါင်းတည်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ တွေ့ဆုံ၍ ပါတီလုပ်ငန်းစဉ်များ ညှိနှိုင်း စည်းဝေးခဲ့ကြောင်း သိရသည်။
U Myo Aung
ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတမြို့ အမျိုးသမီးရေးရာအဖွဲ့ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ယခုလ ၂၅ရက် နံနက် ၁ဝနာရီခွဲတွင် ဟင်္သာနေခြည် ဘက်စုံဖွံ့ဖြိုးရေးစင်တာ၌ ဟင်္သာတ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များနှင့်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီအလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များလည်း တက်ရောက်ကြသည်။
ကချင်ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး
ကချင်ပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မေလ (၃၁) ရက် နံနက် (၉) နာရီ အချိန်က မြစ်ကြီးနားမြို့ ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဗဟိုအကြံပေး (ကချင်ပြည်နယ်တာဝန်ခံ) ဦးသိန်းဇော်၊ တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။
လေးမျက်နှာပြည်ခိုင်ဖြိုးပါတီ အမာခံကေဒါများ တာဝန်ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အရှေ့ခြမ်းဒေသ အမာခံကေဒါများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေလ (၂၉) ရက်နေ့က လေးမျက်နှာမြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသိန်းထွန်းမှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ကာ ဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်းမှ အမာခံပါတီကေဒါများအား တာဝန်ပေးခန့်အပ်လွှာ များအား ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးကောင်းပြည်ခိုင်ဖြိုး ကျောင်းသား/သူများအတွက် စာရေးကိရိယာများ လှူါးန်း
ကချင်ပြည်နယ်၊ မိုးကောင်းမြို့၌ မေလ (၃၀) ရက်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သော ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားတွင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့်အဖွဲ့မှ သွားရောက်၍ ဆင်းရဲနွမ်းပါးသော ကျောင်းသား/သူများအား ဗလာစာအုပ် (၆၅) ဒါဇင်၊ ဘောပင် (၁၅) ဒါဇင် တန်ဖိုးငွေ ၁၇၁၅၀၀ ကျပ် အား ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
စက်ရေတွင်းတူးဖော်ရန် ပန္နက်တင်မင်္ဂလာကျင်းပ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနာယက ဦးသိန်းထွန်း ဦးဆောင်မှုဖြင့် အလှူရှင်များ ပူးပေါင်းပြီး ပခုက္ကူမြို့နယ် ကန်ရပ်ကြီးကျေးရွာအုပ်စု၊ ကန်ရပ်ကြီးရွာရှိ ရွာဦးဘုန်တော်ကြီးကျောင်းဝန်းအတွင်း (၄)လက်မ စက်ရေတွင်းတူးဖော်ရန်အတွက် ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များမှ စက်ရေတွင်းတူးဖော်မည့် နေရာတွင် မြေသန့်ပရိတ်တရားတော်နာယူခြင်းနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကို မေလ (၃၀) ရက်က စက်ရေတွင်းတူးဖော်မည့် မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
မအူပင်ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဘက်အတွင်းရေးမှူး ဒေါ်နွယ်နွယ်ဦး၊ မအူပင်ခရိုင်ပါတီနာယက ဦးသန်းထွန်း၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးသက်လင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မအူပင်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံကို မေလ (၂၉) ရက် ညနေ (၃) နာရီအချိန်က မအူပင်ခရိုင် ပြည်ခိုင်ဖြိုးအစည်းဝေးခန်မ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။