



ထားဝယ် အောက်တိုဘာ ၁၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းနှင့် ဗဟို အတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးတို့သည် အောက်တိုဘာလ (၁၈) ရက်နေ့၊ မနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ်ရှိ ပါတီအပေါ် ထောက်ခံဝန်းရံအားပေးသူများ၊ဒေသခံစီးပွားရေးလုပ်ငန်းရှင်များနှင့် ထားဝယ်မြို့၌ တွေ့ဆုံ၍ တက်ရောက်လာကြသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာအပြန်အလှန် တွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအတွင်းရေးမှူးတို့သည် တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီ ဥက္ကဋ္ဌများနှင့်အတူ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ရှေ့ဆက်ဆောင်ရွက် ရမည့်ကိစ္စရပ်များအား ပြန်လည်သုံးသပ်ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။















