မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ယနေ့ (၂၇-၂-၂၀၁၇) ရက် နံနက် (၉) နာရီအချိန်က တိုင်းဒေသကြီးပါတီကော်မတီနှင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်း မဲဆန္ဒရှင်ပြည်သူများအား စည်းရုံးမဲဆွယ်
၂၀၁၇ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ပြုလုပ်မည့်ကြားဖြတ်ရွေးကောက်ပွဲ တွင် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းသည် ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ချောင်းဆုံ မြို့နယ် ကမာကေးကျေးရွာ တော်ကပူးကျေးရွာအုပ်စုနှင့် ဖံဖကျေးရွာများရှိ မဲဆန္ဒရှင်များအား စည်းရုံးမဲဆွယ်ခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်
သာကေတမြို့နယ်ပါတီ လူငယ်ထုတွေ့ဆုံပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်ထု တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပခဲ့သည်။
အုတ်ဖိုမြို့နယ်ပြည်ခိုင်ဖြိုး လပတ်ပုံမှန်စည်းဝေး
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ အုတ်ဖိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လပတ်ပုံမှန် အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်ထွေးက ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။ ယင်းအစည်းအဝေးသို့ အတွင်းရေးမှူး ဦးဇော်ဦးနှင့်ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ဆွေးနွေးပွဲ ပြုလုပ်
မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီအမျိုးသမီးရေးရာအဖွဲ့မှကြီး မှူး၍ ဆွေးနွေးပွဲ တစ်ရပ်ကို ယခု လ ၂၄ ရက်နံနက် ၁၁ နာရီခွဲက ပြုလုပ်ခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုး မဲဆွယ်စည်းရုံးရေးဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဘလုပ်ညွန့်နှင့် အေးရွာရပ်ကွက် များသို့ ယမန်နေ့နံနက် ၈ နာရီခွဲက ရန်ကုန် အနောက်ပိုင်းခရိုင်ပါတီ ကော်မတီ ဝင် ဒေါ်အိအိလှိုင်၊ ကြည့်မြင်တိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်လွင် နှင့် အတွင်းရေးမှူး ဦးဇော် ဝင်းအောင်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် စမ်းချောင်း မြို့နယ် ကော်မတီဝင်များ၊ ရပ်/စည်းအမှုဆောင်များသည် မဲဆန္ဒရှင် ပြည်သူ များနှင့်တွေ့ဆုံ၍ အောင်နိုင်ရေးအလံများနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ ဟောပြောပွဲများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပါတီဗဟိုဦးဆောင်ကော်မတီ သူရဦးအေးမြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးပွဲသို့ တက်ရောက်အားပေး
ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီ သူရဦးအေးမြင့်သည် ယခုလ ၂၃ရက် မွန်းလွဲ ၃ နာရီတွင် မုံရွာမြို့ပေါ်ရပ် အိုးဘိုတောင်ရပ်ကွက်နေ ပါတီမိတ်ဆွေနေအိမ်၌ ကျင်းပသည့် မုံရွာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပါဝင်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝင်းမြင့်အောင်၏ ရပ်ကွက်နေ မိဘ ပြည်သူ များနှင့် တွေ့ဆုံမဲဆွယ် စည်းရုံးပွဲသို့လိုက်ပါပြီး အားပေးခဲ့သည်။
ခရိုင်/မြို့နယ်/ရပ်ကျေး အစည်းအဝေးကျင်းပခြင်း
(၂၄-၂-၂၀၁၇)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်/မြို့နယ်/ ရပ်ကျေး ပြည်ခိုင်ဖြိုးပါတီ ညှိနိုင်းအစည်းအဝေးကို ကျင်းပရာ ဗဟိုကော်မတီဝင် ဦးဝီလ်ဆင်မိုး တက်ရောက်ခဲ့ပြီး ကျိုင်းတုံမြို့နယ် တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အုတ်တစ်ချုပ် သဲတစ်ပွင့်အဖြစ် ၀ိုင်းဝန်ဆောင်ရွက်ရေးကိစ္စ၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကြီး လာရောက်ခဲ့လျှင် ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ရှေ့ လုပ်ငန်းစဉ် ကိစ္စများ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း
သိရှိရပါသည်။
တိုင်းပါတီကော်မတီဝင်နှင့်အဖွဲ့ မီးဘေးသင့်ပြည်သူများအား အားပေးစကားပြောကြား လှူဒါန်းမှုပြု
ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ မီးဘေးသင့်ပြည်သူများ ယာယီလက်ခံရေး စခန်းသို့ ရန်ကုန်တိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဒေါ်စန်းစန်းဝင်း၊ ခရိုင်ပါတီကော်မတီဝင် ဦးဝဏ္ဏမျိုး၊ မြို့နယ် ဥက္ကဌ ဒေါ်စမ်းစမ်းဌေး တို့မှ သွားရောက်အားပေး စကားပြောကြား၍ ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ရာ မီးဘေးသင့်မိသားစုများ ကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။