ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် မြို့နယ်အောင်နိုင် ရေးကော်မတီသည် ယမန်နေ့ နံနက် ၈ နာရီမှစတင်ကာ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တစ်အိမ် တက်ဆင်းကွင်းဆင်းစည်းရုံးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါမဲဆွယ်စည်းရုံးခြင်းကို ပါတီဗဟိုကော်မတီဝင်ဦးတင်အောင်၊ ပါတီအရန်ဗဟိုကော်မတီဝင်ရန်ကုန် (အရှေ့ပိုင်း)ခရိုင် အတွင်းရေးမှူး ဒေါက်တာကျော်စိုးတို့လိုက်ပါလျက် မြို့နယ်ပါတီအောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင် ၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးနေလင်း၊ ရန်ကင်းမြို့နယ် ဥက္ကဋ္ဌ ဦးဘချစ်၊ မြို့နယ်ကော်မတီဝင် များနှင့် ပါတီဝင်များ၊ နယ်မြေခံ မြို့နယ်ပါတီကော်မတီဝင်များနှင့် ပါတီဝင်များ စုစုပေါင်းအင်အား ၆ဝဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။