ပြည်ထောင်စုနေ့ဂုဏ်ပြု လူငယ်လှုပ်ရှားမှုပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲပြုလုပ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် မြို့နယ်ပါတီကော်မတီ သည်နှစ်(၇ဝ)မြောက်ပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နွေဦးအားမာန်လူငယ်လှုပ်ရှားမှု စတုတ္ထအကြိမ်မြောက် ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ ပိုက်ကျော်ခြင်း ခတ်ပြိုင်ပွဲအား မြို့နယ်ပါတီရုံး အားကစားကွင်း၌ ယခုလ ၂ရက် နံနက် ၈နာရီတွင် ကျင်းပသည်။

ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးစည်းရုံးလှုပ်ရှား

 

ရန်ကုန်တိုင်းဒေသကြီးတောင် ပိုင်းခရိုင် ကော့မှူးမြို့နယ် ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင် ရေးဗီနိုင်းဆိုင်းဘုတ်များ၊ တစ်မြို့ နယ်လုံးတစ်ပြိုင်နက်စိုက်ထူပွဲနှင့် မြို့ပေါ် ခုနစ်ရပ်ကွက် ကိုယ်စား လှယ်မိတ်ဆက်လက်ကမ်းစာစောင် ဖြန့်ဝေလှုပ်ရှားမှုကိုတွံတေးမြို့နယ်၊ ဒလမြို့နယ်၊ကွမ်းခြံကုန်းမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်များမှ ဝန်းရံလျက် နံနက် ၉ နာရီတွင် စတင်ခဲ့သည်။

ရပ်ကွက်အတွင်းခြင်ဆေးမှုတ်ခြင်းဆောင်ရွက်

 

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ ဦးဆောင်၍ ယမန်နေ့ နံနက် ၈နာရီခွဲတွင် ရေတွင်းကုန်း ရပ်ကွက်၌ ခြင်ဆေးမှုတ်ခြင်းပြု လုပ်ဆောင်ရွက်ခဲ့သည်။

၎င်းခြင်ဆေးမှုတ်ခြင်းကို မြို့ နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း လှိုင်၊အတွင်းရေးမှူးဒေါ်လဲ့လဲ့အေး နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ နယ်မြေတာဝန်ခံ ဒေါ်စန်းကြည်၊ ရေတွင်းကုန်းရပ်ကွက်အုပ်ချုပ်ရေး မှူး ဦးရဲနောင်သိန်းနှင့်အဖွဲ့၊ ရပ် ကွက်ပါတီခေါင်းဆောင် ဒေါ်ခင် ခင်ထွေးနှင့်ရပ်ကွက်ပါတီ ကော် မတီဝင်များ၊ အမာခံပါတီဝင်များ ပါဝင်ခဲ့ကြသည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းမိတ်ဆက်

 

အမည် – ဦးခင်ဝင်း
ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း – B.Sc (Physics)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ရန်ကုန်တိုင်းဒေသကြီး
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း

ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အဖွဲ့ မရမ်းကုန်းမီးဘေးသင့်ပြည်သူများနှင့်တွေ့ဆုံအားပေးထောက်ပံ့ကူညီ

 

ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းမိတ်ဆက်

 

အမည် – ဦးနေလင်း
ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း – BA (Hist)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ရန်ကုန်တိုင်းဒေသကြီး
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းအမှတ်စဉ်(၁)ဆင်းပွဲသို့ တက်ရောက်အမှာစကားပြောကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့နံနက် ၈ နာရီတွင် ပါတီဌာနချုပ်သင်တန်းကျောင်း၌ ရက်သတ္တ လေးပတ်ကြာပြုလုပ်ခဲ့သော နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းအမှတ် စဉ်(၁)၏ သင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းကို ဇန်နဝါရီ ၉ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် သင် တန်းဆင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက သင်တန်းဆင်းအမှာစကားပြော ကြားရာတွင် သင်တန်းမှ ပို့ချသင် ကြားပေးလိုက်သော သင်ခန်းစာ များကို လက်တွေ့ဆန်စွာ ပြန်လည် အသုံးချကြရန်လိုပြီး သင်တန်း သားများ တက်ရောက်ခဲ့ကြသည့် ယနေ့ သင်တန်းအမှတ်စဉ်(၁) သည်စံပြဖြစ်နေရမည်ဖြစ်ကြောင်း၊
နောက်နောင် ဆက်လက်ဖွင့်လှစ် မည့် သင်တန်းသားများက ယခု
အမှတ် (၁)သင်တန်းသားများအား စံနမူနာယူ၍ စွမ်းရည်ပြည့်ဝသောသင်တန်းသားများပေါ်ထွက် လာကြရမည်ဖြစ်ကြောင်း၊ တစ်လတာအတွင်း ဆွေးနွေးသင်ကြားပေးလိုက်သည့်သင်ခန်းစာများကိုပြန်ပြီး ပွားများအောင်လုပ်ဆောင်ကြရာမှ လက်တွေ့နယ်ပယ်တွင် စည်းရုံးမှုအားကောင်းပြီး ခေါင်းဆောင်မှု အားကောင်းသည့်ပြည်သူလူထုမှ အားကိုးလာမည့် အဖွဲ့အစည်းဖြစ်အောင်ဆောင်ရွက်ကြပါရန် ပြော ကြားခဲ့သည်။
ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းက သင်တန်းအမှတ်စဉ်(၁) သင်တန်း ဆင်းလက်မှတ်ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသားအမှတ်(၁)မှသင်တန်းသားသင်တန်းသူအားလုံးကိုယ်စား လက်ခံရယူခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပါတီဥက္ကဋ္ဌဦးသန်းဌေး၊ ပါတီဒုတိယ ဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ပါတီအထွေထွေ အတွင်းရေးမှူးဦးသက်နိုင်ဝင်းနှင့်တာဝန်ရှိသူများ၊ဖိတ်ကြားထားသောဧည့်သည်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံရေးသင်တန်းကျောင်း၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်လာရောက်တွေ့ဆုံ