ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ပြည်ခိုင်ဖြိုး ပါတီ၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပြည်သူလူထုကျန်းမာရေးကို ဘက်စုံထောင့်စုံမှ ကူညီ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁ဝ နာရီက ရန်ကုန်အမျိုးသားသွေးလှူဘဏ်တွင် (၃၃)ကြိမ်မြောက် ဒါနဥပ ပါရမီမြောက် သွေးလှူဒါန်းပွဲအခမ်းအနားကျင်းပရာသို့
ရန်ကုန်မာက်ပိုင်းခရိုင် ပါတီတာဝန်ခံ ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း နှင့် ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးတင်ဝင်းနှင့် ဦးတင်လှိုင်၊ မြောက်ပိုင်းခရိုင် ပါတီကော်မတီ ဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ပါတီဝင်သွေးလှူရှင်များ တက်ရောက်ကြသည်။













