ပြည်ခိုင်ဖြိုးပါတီမှကြီးမှူး၍ သိုင်းပညာသင်တန်းဖွင့်

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ မြန်မာ့ရိုးရာ အခြေခံကိုယ်လုံပညာ (သိုင်း) သင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို သာကေတမြို့နယ်တွင် ယမန်နေ့ ညနေ ၄နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော် မတီဝင်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းက အမှာစကားပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ရှမ်းပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရပ်ကျေးကော်မတီဝင် ပါတီဝင်များ နှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ရှမ်းပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး ကော်မတီဝင်၊ ပါတီဝင်များ တွေ့ဆုံပွဲကို မတ်လ (၆) ရက် ညနေ ၄ နာရီတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။

နိုင်ငံတော်သြ၀ါဒစရိယ ဆရာတော် ဘဒ္ဒ န္တပဒုမာဘိဝံသ၏ ဈာပနအတွက် ပြည်ခိုင်ဖြိုးပါတီဗဟိုမှ အလှူငွေများ လှူဒါန်း

 

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု နိုင်ငံတော်သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တပဒုမာဘိဝံသ၏ ဈာပနအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေး ပါတီဗဟိုမှ ငွေကျပ်သိန်း ( ၃၀ ) လှူဒါန်းခဲ့ပါသည် ။

ပြည်​သူ့ အတွက်​ ​စေလိုရာ ​စေဖို့ ဦးဇိုပဲန်းကို မဲ​ပေးစို့

၂၀၁၇ကြားဖြတ်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မိတ်ဆက်

*******

အမည် ….ဦးဇိုပဲန်း
အဖအမည်….တကက ဦးဆန်ငန်း
ပညာအရည်ချင်း….B.Sc(Maths)
မွေးနေ့….20.2.1959
ဘာသာ….ခရစ်ယာန်
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်….ချင်းပြည်နယ်၊ အမျိုးသားလွှတ်တော်အမှတ် (၃)
ကိုယ်စားပြုပါတီ….ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

(more…)


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အောင်နိုင်ရေးဆိုင်းဘုတ်တင်

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ ၂ဝ၁၇ ခုနှစ် ကြား ဖြတ်ရွေးကောက်ပွဲတွင် အရွေး ချယ်ခံမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနေ လင်း၏ အောင်နိုင်ရေးဆိုင်းဘုတ် တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံးဝင်းအတွင်း ကျင်းပခဲ့သည်။

 

(more…)


၂ဝ၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်း စည်းရုံး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် မြို့နယ်အောင်နိုင် ရေးကော်မတီသည် ယမန်နေ့ နံနက် ၈ နာရီမှစတင်ကာ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တစ်အိမ် တက်ဆင်းကွင်းဆင်းစည်းရုံးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါမဲဆွယ်စည်းရုံးခြင်းကို ပါတီဗဟိုကော်မတီဝင်ဦးတင်အောင်၊ ပါတီအရန်ဗဟိုကော်မတီဝင်ရန်ကုန် (အရှေ့ပိုင်း)ခရိုင် အတွင်းရေးမှူး ဒေါက်တာကျော်စိုးတို့လိုက်ပါလျက် မြို့နယ်ပါတီအောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင် ၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးနေလင်း၊ ရန်ကင်းမြို့နယ် ဥက္ကဋ္ဌ ဦးဘချစ်၊ မြို့နယ်ကော်မတီဝင် များနှင့် ပါတီဝင်များ၊ နယ်မြေခံ မြို့နယ်ပါတီကော်မတီဝင်များနှင့် ပါတီဝင်များ စုစုပေါင်းအင်အား ၆ဝဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ (တာဝန်ခံ)နှင့် ဗဟိုကော်မတီဝင်များ မြန်မာ့ရိုးရာ လှည်းယာဉ်ကြော့ပြိုင်ပွဲ တက်ရောက်အားပေး

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ တောင်သူလယ် သမားရေးရာက ကြီးမှူးကျင်းပသည့် ယခုလ ၂ ရက်တွင် ကျရောက်သည့် တောင်သူလယ် သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာ လှည်းယာဉ်ကြော့ပြိုင်ပွဲအား ကျင်းပရာကွင်းတွင် ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ (တာဝန်ခံ) ဦးအောင်တင်မြင့်၊ ဗဟို ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်စိုး၊ ပဲခူးခရိုင်အတွင်းရှိ မြို့နယ်ပါတီဥက္ကဋ္ဌ များ၊ ညောင်လေးပင်မြို့နယ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးပိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

 

(more…)


ကျောင်းသားကျောင်းသူများ အဆင်ပြေစွာ စာမေးပွဲဖြေဆိုနိုင်ရေး မာန်အောင်ပြည်ခိုင်ဖြိုး ပါတီက ကူညီဆောင်ရွက်ပေး

 

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ကြည် ဦးဆောင်၍ ၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုကြမည့် ဝေးလံ ခေါင် ပါးသော ကျေးလက်ဒေသ များမှ ကျောင်းသားကျောင်းသူ များကို နေရာထိုင်ခင်းများ အဆင်ပြေ စွာ နေထိုင်ရေး၊ စားသောက်ရေးကိစ္စများကိုလည်း အဆင်ပြေစွာ ကျွေး မွေးဆောင်ရွက်ခြင်း များကို မြို့နယ်ပါတီရုံးမှ ပါဝင်ကူညီဆောင် ရွက် ပေးနေကြောင်း သိရသည်။

 

(more…)


ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ အမျိုးသားရေး မေ့နေတယ်လို့ ပြည်ခိုင်ဖြိုး ဥက္ကဌပြော

 

ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီတွေနှင့် အဖွဲ့အစည်းတွေသည် ဒီမိုကရေစီရေး ကို တအား ပြောကြသော်လည်း အမျိုးသားရေးကိုမူ မေ့ထားကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးကပြောသည်။

 

(more…)