ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကယားပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရပ်/ကျေးကော်မတီဝင်များနှင့် တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် မတ်လ (၈) ရက် ညနေ ၄ နာရီအချိန်က ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ၊ အတွင်းရေးမှူး၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးနှင့် အဖွဲ့များအားတွေ့ဆုံကာ ၂၀၁၇ ကြားဖြတ်ရွှေးကောက်ပွဲအောင်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။

(more…)


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ် ဒေသခံပါတီဝင်များနှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်သည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ် ရေနံကြီး အခြေစိုက်စခန်းကြီးကျေးရွာမှ ဒေသခံပါတီဝင်များနှင့် တွေ့ဆုံကာ ယနေ့နိုင်ငံရေးအခြေအနေများနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးင့် ဖွှံဖြိုးရေးပါတီ၏ ရပ်တည်ချက် သဘောထားများကို ရှင်းလင်း ပြောကြားပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံးစွဲရန် ငွေ ကျပ် တစ်သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လပတ်အစည်းအဝေးနှင့် ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲကျင်းပ

 

ဘိုကလေးမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်နှင့်ရပ်ကွက်ကျေးရွာပါတီ ကော်မတီဝင်များလပတ်အစည်း အဝေးနှင့် ပါတီဝင်နှစ်စဉ်ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပ ခဲ့သည်။

ကြည့်မြင်တိုင်ပြည်ခိုင်ဖြိုးပါတီ ကွင်းဆင်းမဲဆွယ်စည်းရုံး

 

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီအမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေး၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်၊ မြို့နယ် ပါတီကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်၊ အတွင်းရေးမှူး ဦးဇော်ဝင်းအောင်၊ စမ်းချောင်းနှင့် ကြည့် မြင်တိုင်မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက်တာဝန်ခံများနှင့်အတူ ကရင်အမျိုးသား ရပ်ကွက်၊ မီးရထားရိပ်သာနှင့် ရပ်ကွက်အတွင်းမှ မဲဆန္ဒရှင်ပြည်သူများအား ကွင်းဆင်း စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အာဟာရဒါနပြုလုပ်လှူဒါန်း

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယခုလ ၆ ရက် နံနက် ၁ဝ နာရီခွဲက အမှတ်(၃)ရပ်ကွက်ရှိ ‘မိုဃ်းကောင်းကျောင်းတိုက်’ဆရာတော် ဥူးÓဏအမှူးပြုသော သံဃာတော်အရှင်သူမြတ်အပေါင်းတို့နှင့် အခမဲ့ပညာဒါန သင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူ ၈ဝ တို့အား အာဟာရဒါနပြုလုပ်လှူဒါန်းခဲ့ပြီး မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထူးခိုင်နှင့်မြို့နယ်ကော်မတီဝင်များအသီးသီး စုံလင်စွာတက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးချစ်လူငယ်များနှင့် မြန်အောင်ပြည်ခိုင်ဖြိုးတွေ့ဆုံ

 

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့ နယ်တို့မှ အမျိုးသားရေးဆောင် ရွက်နေကြသော မျိုးချစ်လူငယ်များ နှင့်မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီအဖွဲ့တို့တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ယမန်နေ့ကမြန်အောင် ပြည်ခိုင်ဖြိုးပါတီရုံး၌ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် လက်ရှိဖြစ် ပေါ်နေသော နိုင်ငံရေးအခြေအနေ၊ မီဒီယာများ၏ ဘက်လိုက်မှု၊အမျိုး သားရေးသမားများနှင့်ပြည်ခိုင်ဖြိုး ပါတီတို့၏ အမျိုးသားရေးလှုပ်ရှား ဆောင်ရွက်မှုများကိုအကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
Online media တွင် နေ့စဉ် ဖြစ်ပေါ်နေသော အမျိုးသားရေး အကြောင်းအရာများနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေး ကြပြီး ပြည်သူတို့၏အကျိုးစီးပွား အတွက် လက်တွဲဆောင်ရွက်သင့် သည့်ကိစ္စရပ်များကို လက်တွဲ ဆောင်ရွက်သွားကြရန် ဆွေးနွေးပွဲ မှ သဘောတူညီခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် လူထုတွေ့ဆုံပွဲသို့ တက်ရောက် အားပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မတ်လ (၆) ရက် မွန်းလွဲ ၂ နာရီတွင် ကယား ပြည်နယ် ဖရူဆိုမြို့ရှိ မြို့နယ်ဓမ္မာရုံ၌ ကျင်းပသည့် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း နှင့် လူထုတွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်၍ ဒေသခံ တိုင်းရင်းသားပြည်သူများအား တွေ့ဆုံခဲ့သည်။

 

(more…)


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ အမှာစကားကောက်နုတ်ချက်(ညောင်ရွှေမြို့)

* ယနေ့ မြန်မာနိုင်ငံစီးပွားရေးအခြေအနေနှင့် တည်ငြိမ်အေးချမ်းမှုအခြေအနေမှာ အကောင်းဘက်သို့ ရှေးရှုသောအခြေ အနေမဟုတ် အုပ်ချုပ်ရေးတာဝန်ရှိသူများ၏ အရည်အချင်းပေါ်တွင်မူတည်။
* လုပ်ငန်းအောင်မြင်မှု ဆုံးရှုံးမှုအပေါ် တာဝန်ယူ တာဝန်ခံမှုမရှိဘဲ သူတစ်ပါးကို အပြစ်ဖို့ တာဝန်လွှဲချခြင်းသည် တာဝန် ကြီးကြီးမားမား ထမ်းဆောင်ရသူတို့ ပြုမူသင့်သော အပြုအမူမဟုတ်။

 

(more…)


ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစည်းရုံး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ယမန်နေ့ နံနက် ၉ နာရီမှစတင်ကာ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် (၁) ရပ်ကွက်အတွင်း ကွင်းဆင်းစည်း ရုံးဆောင်ရွက်ခဲ့သည်။

 

(more…)


နွားထိုးကြီးပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ဆက်ဆံရေးနှင့် အခြေခံသတင်းမီဒီယာ သင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးမှ ပြည်သူ့ဆက်ဆံရေးနှင့် အခြေခံ သတင်းမီဒီယာသင်တန်းဖွင့်ပွဲကို မတ်လ (၆) ရက် နံနက် (၉) နာရီ (၃၀) မိနစ်အချိန်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ နွားထိုးကြီးမြို့နယ်ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

(more…)