လှူဒါန်း​ပေးပါ​သော ​အလှူရှင်​မိသားစုများအား သွေးမေတ္တာ”အသင်းမှဆု​တောင်းမေတ္တာပို့သ

 

စစ်​ကိုင်းတိုင်း​ဒေသကြီး ၊ မုံရွာခရိုင်​ ၊ ​ချောင်းဦး မြို့နယ်​ ” ​သွေး​မေတ္တာ “လူမှုကူညီ​ရေးနှင့်​​ သွေး​လှူရှင်​များ အသင်းမှ ၁၈ – ၅ – ၂၀၁၇ ရက်​​နေ့ ၀၅း ၃၀ နာရီ တွင်​ မြို့နယ်​ပြည်​သူ့​ဆေးရုံကြီးရှိ လူနာများအား အပတ်​စဉ်​ကြက်​သားဆန်​ပြုတ်​များ သွား​ရောက်​လှူဒါန်းလျှက်​ရှိရာ ​စေတနာ သဒ္ဓါ​ပေါက်​၍ ယခုအပတ်​အတွက်​ ကုသိုလ်​ရှင်​မှာ​ စစ်​ကိုင်းတိုင်း​ဒေသကြီး၊ မုံရွာ ခရိုင်​ ၊ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မိသားစုမှ လှူဒါန်း ပါသည်​။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ တရားစခန်းသို့ အလှူငွေ လှူဒါန်း

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးဖုန်းမြင့်၊ မြို့နယ်တွင်းရေးမှူး ဦးဌေးဝင်း (လူငယ် ရေးရာတာဝန်ခံ)၊ မြို့နယ်ကော်မတီဝင် ဦးမြဝင်း (ဟိုပင်တာဝန်ခံ)၊ ဒေသကော်မတီ ဦးစောအေးလွင် ဦးမင်းအောင်နှင့် ရပ်ကျေးကော်မတီဝင်များမှ မေလ (၁၇) ရက် နံနက် (၁၁) နာရီအချိန်က မိုးညှင်းမြို့နယ် ဟိုပင်ဒေသ အရှေ့ကျောင်းကြီးတိုက် လယ်တီတရာစခန်း (၁၂)ကြိမ်မြောက် တရားစခန်းသို့ သွားရောက်၍ အလှူငွေ ၅၀၀၀၀ ကျပ်ကို လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အလုပ်သမားရေးရာ တာဝန်ခံများ တွေ့ဆုံညှိနှိုင်း

ရန်ကုန်တိုင်းဒေသကြီး ခရိုင်၊ မြို့နယ်အလုပ်သမားရေးရာတာဝန်ခံများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပရာ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်း၊ ဗဟိုကော်မတီဝင် အလုပ်သမားရေးရာ တာဝန်ခံ ဦးတင်ဝင်းနှင့် ခရိုင်လေးခရိုင်နှင့် မြို့နယ်များမှ အလုပ်သမားရေးရာ တာဝန်ခံများ တက်ရောက်ကြသည်။

(more…)


နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းဆင်းပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်း ဆင်းပွဲအခမ်း အနားကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ် ပါတီရုံး သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

 

(more…)


ပခုက္ကူခရိုင် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ တွေ့ဆုံပွဲကျင်းပ

 

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး (အမျိုးသမီးရေးရာတာဝန်ခံ) ဒေါက်တာစန်းစန်းနွယ် နှင့် ပခုက္ကူခရိုင်အတွင်းရှိ (ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ) မြိုနယ်များရှိ အမျိုးသမီး ရေးရာအဖွဲ့များ တွေဆုံပွဲကို မေလ (၁၅)ရက်နေ့ နံနက်(၁၀)နာရီ အချိန်က ပခုက္ကူခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ပခုက္ကူခရိုင်အတွင်းရှိ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ မိမိတို့
မြိုနယ်အလိုက် ဆောင်ရွက်ထားရှိမှုများကိုတ င်ပြခဲ့ကြသည်။

ပါတီအထွေထွေအတွင်းရေးမှူး မွန်ပြည်နယ် အတွင်းရှိ ပြည်နယ် ခရိုင်၊ မြို့နယ်ပါတီဥက္ကဌ များနှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းသည် ၂၀၁၇ခုနှစ် မေလ ၁၆ ရက်နေ့ နံနက် ၇း၃၀ နာရီ အချိန်တွင် မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီဥက္ကဌများအား တွေ့ဆုံကာ လမ်းညွှန် အမှာစကားပြောကြားရာတွင် မိမိတို့ပါတီ၏ ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းစဉ်များ၊ ရှေ့ဆောင်ရွက်မည့်လုပ်ငန်းစဉ် များအား အားအကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

အလက(ခွဲ)ရေလယ်ကျွန်းသို့ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးမိသားစုမှ ကျောက်ပြားများလှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုနာယက ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေး ဦးနှင့်ဇနီးဒေါ်နီနီဝင်း မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက မိသား စုမှ ဟင်္သာတမြို့နယ် ပဲကြီး ကျွန်းအုပ်စု ရေလယ်ကျွန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)ကျောင်းဆောင်သစ်အတွက် ကျောက်ပြား ၈၅ ချပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

အလှူရှင်ကိုယ်စား ဟင်္သာတ ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူးဦးချစ်ဝင်း၊ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်ဦး၊ အတွင်းရေးမှူးဦးခင်ဦးနှင့် မြို့နယ် ကော်မတီဝင်များ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် အဆိုပါကျောင်း၌ ကျောင်းဆောက် လုပ်ရေးကော်မ
တီအဖွဲ့မှ တာဝန်ရှိ သူများထံသွားရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးသောင်းအေး ကျေးရွာချင်းဆက်လမ်းဖွင့်ပွဲတက်ရောက်

 
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်နှင့် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် ယမန်နေ့ နံနက်ပိုင်းတွင် ပျော်ဘွယ်မြို့နယ် လက်သဲကြိုးအုပ်စု ဘိုကုန်းကျေး ရွာ၌ ကျင်းပသော ဘိုကုန်းကျေး ရွာနှင့်နတ်တာဆည် ဆက်သွယ် သည့်ကိုယ့်အားကိုယ့်ကိုး မြေသား လမ်းဖွင့်ပွဲသို့တက်ရောက်အားပေး ပြီး အမှာစကားပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်က အမှာစကားပြောကြားရာ တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် ဘက်ပေါင်းစုံမှ တတ်နိုင်သမျှကြိုးစားဆောင်ရွက် ပေးနေကြောင်း၊ ယခုကဲ့သို့ မိမိ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ့်အားကိုယ့်ကိုးပြီး စုပေါင်း ဆောင်ရွက်ခြင်းသည် ဂုဏ်ယူရ မည့်အချက်ဖြစ်ပါကြောင်း၊လမ်းဖြစ် မြောက်ရေးအတွက် ငွေအလှူရှင် များ၊ မြေအလှူရှင်များကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ ကျေးရွာအတွင်း စည်းလုံးညီညွတ် စွာနေထိုင်ပြီး ရပ်ရွာအကျိုးကို ယခု ထက်ပိုမို၍ ဆောင်ရွက်နိုင်ရန် ဆန္ဒ ပြုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အဆိုပါလမ်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်စိုး နှင့် ပျော်ဘွယ်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးနိုင်နိုင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးသည်။ အဆိုပါလမ်းသည် အရှည် နှစ်မိုင် လေးဖာလုံရှိပြီး အလှူရှင်၂၅ ဦး လှူဒါန်းငွေကျပ် ၈၅သိန်းဖြင့်ဖောက်လုပ်ခဲ့သည့် မြေ သားလမ်းဖြစ်ကြောင်းနှင့်ပြည်ခိုင်ဖြိုး ပါတီကိုယ်စား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းအေးက ငွေကျပ်တစ်သိန်းလှူဒါန်းခဲ့သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သည် ပျော်ဘွယ်မြို့ နယ်ပြည်ခိုင်ဖြိုးပါတီ၊ မြို့နယ်ကော် မတီဝင်များဖြစ်ကြသော ဦးအောင် ဇော်မြင့်၊ ဦးသက်ဦးတို့နှင့်အတူ ဒီးဒုတ်ကုန်းကျေးရွာ၊မြောက်ညောင် ကုန်းကျေးရွာများသို့သွားရောက် ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုကြည့်ရှုအား ပေးခဲ့ကြောင်းသိရသည်။

စက္ခုပါလာဒိဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဌေးဦးနှင့်အဖွဲ့ မျက်စိဝေဒနာရှင်များအား (၁ဝ)ကြိမ်မြောက် အခမဲ့စမ်းသပ်ခွဲစိတ်ကုသနိုင်ရေးလုပ်ငန်းညှိနှိုင်း

 

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသောနေအိမ်များကို ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီထောက်ပံ့

 

ပြည်ထောင်စုနယ်မြေ နေပြည် တော်ခရိုင် ပုဗ္ဗသီရိမြို့နယ်အတွင်း ယခုလ ၁ဝရက် ညနေပိုင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် နေ အိမ် ၃၈အိမ်တို့ ပြိုလဲပျက်စီးဆုံးရှုံး ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။