ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်ယု ဆန္ဒမဲပေးရေး တစ်အိမ်တက်ဆင်း လိုက်လံရှင်းလင်းပြသ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လှိုင် သာယာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးတင်ယုသည် မတ် ၂၃ ရက် နံနက်ပိုင်းမှ စတင်၍ (၁၆)ရပ်ကွက် မဲဆန္ဒရှင်ပြည်သူများထံ တစ်အိမ်တက်ဆင်းသွားရောက်ကာ မိတ်ဆက်ဂါရဝပြု ခဲ့ကြောင်း သိရသည်။
ထို့ပြင် အခြားရပ်/ကျေးများတွင်လည်း အောင်နိုင် ရေးအဖွဲ့များက တစ်အိမ်တက်ဆင်း လက်ကမ်းစာစောင် များကိုဖြန့်ဝေခြင်း၊ ဆန္ဒမဲပေးရန် နမူနာပုံစံကို လိုက်လံ ရှင်းလင်းပြသခဲ့ခြင်းများ လုပ်ဆောင်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေး ချင်းပြည်နယ် ထန်တလန် မြို့သို့ရောက်ရှိခဲ့ပြီး ပြည်သူများနှင့် ချစ်ကြည်ရင်းနှီးစွာ တွေ့ရစဉ်


ပြည်သူ့ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်ဟာ ပါတီစွဲ ဝါဒစွဲ ပုဂ္ဂိုလ်စွဲ ဒေသစွဲမထားရှိဘဲ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ အသိဆန္ဒလိုအပ်ချက်များကို ဖြည့်ဆည်းပေးရမယ်

 

လက်ရှိအစိုးရဟာ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရဖြစ်တာနဲ့အညီ ပြည်သူတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းဆောင်ရွက်ပေးရမှာ အစိုးရရဲ့ အဓိကတာဝန်တစ်ခုဖြစ်ပါတယ်။ လွှတ်တော်ဟာ ပြည်သူ့ ကိုယ် စားလှယ်များနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ပါတီစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲများမထားရှိဘဲ နိုင်ငံအတွင်းက တိုင်းရင်းသားပြည်သူများရဲ့ အသိ၊ ဆန္ဒ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ဖြစ်တာကို သတိမလွတ် စေရေးအတွက် အကြံပြုချက်များကို ဆောင်ရွက်သွားပါမယ်။

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ စက်ရေတွင်း တူးဖော်လှုဒါန်း

 

ကျေးလက်နေပြည်သူများ သောက်သုံးရေအတွက် ခက်ခဲမှုမရှိစေရန် ရည်ရွယ် ၍ မတ်လ (၂၃) ရက်နေ့နံက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစောမော်ထွန်းဦးဆောင်သော တိုင်း၊ခရိုင်၊မြို့နယ်ကော်မတီဝင်များမှ ပဲခူးမြို့နယ် အထက်စည်တီးအနောက်ကျေးရွာ၌ စက်ရေတွင်းတူးဖော်ရန် အလှူငွေများ သွားရောက်လှူဒါန်းခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာနေအလှူရှင်များနှင့် ပူးပေါင်း ပြီး အထက်စည်တီးအနောက်ကျေးရွာ၌ အနက်ပေ (၄၆၀) ရှိ (၄) လက်မ စက်ရေးတွင်းတစ်တွင်းအား ရေစက်အပါအဝင် ငွေကျပ် (၁၅) သိန်း အကုန်ကျခံ တူးဖော်လှူဒါန်းခြင်းဖြစ်သည်။

အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကျေးရွာလူထုနှင့် တွေ့ဆုံဟောပြော

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးသောင်းငြိမ်းသည် မတ်လ (၂၁) ရက် နံနက် (၁၀) နာရီခွဲအချိန်က အမ်းမြို့နယ်၊ တောင်ဖီလာ ကျေးရွာအုပ်စု၊ ကျေးရွာပြည်သူလူထုနှင့် အဆိုပါ ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း သိမ်တော်အရှေ့ ပရဝုဏ်အတွင်း၌ တွေ့ဆုံခဲ့ကြသည်။

ညောင်လေးပင်၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ကွင်းဆင်းစည်းရုံး

 

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည့် အမှတ်(၄)မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းသည် ဒေသခံပြည်သူ များထံ မတ် ၂၂ ရက်က ကွင်းဆင်း စည်းရုံးခဲ့ကြောင်းသိရှိရပါသည်။

ဒီမိုကရေစီ စစ်မှန်ဖို့ ပြည်ခိုင်ဖြိုးကို မဲပေးကြပါစို့…

အောင်မြတ်သူ


အသိတရားနှင့်ယှဉ် သတိတရားနှင့် ပေါင်းစပ်ပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စား လှယ်လောင်းများကိုသာ ဆန္ဒမဲပေးကြစို့

 

ယနေ့ကာလတွင် အရည်အချင်းပြည့်ဝသော လွှတ်တော်ကိုယ်စားလှယ်များ ရရှိရေး၊ မိမိတို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီအခြေခံအချက်များ နှင့်အညီ ပြည်သူများခံစားနိုင်ရေး တို့အတွက် ၂ဝ၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲ ပေးမှုအပေါ်သင်ခန်းစာယူပြီး ပြည်သူတို့ကိုယ်တိုင် ရွေးချယ်ကြရမည် ဖြစ်ပါတယ်။

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ နာယကအဖွဲ့ဝင်များ တိုင်းပါတီကော်မတီဝင် များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကော်မတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသ ကြီး ပါတီနာယကကြီးများ၊ ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များအား တစ်အိမ်တက်ဆင်းတွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြောက်ပိုင်းခရိုင်ဥက္ကဋ္ဌ ဦးတင်ယုနှင့်အတူ မြို့နယ်ပါတီဝင်များသည် လှိုင်သာယာမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များအား တစ်အိမ်တက်ဆင်း တွေ့ဆုံနေသည့်ပုံရိပ်များကို မတ် ၂၂ ရက်က တွေ့ရစဉ်။

ဖိုးအာကာ


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ချင်းပြည်နယ် ဟားခါးမြို့တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရပ်/ကျေးပါတီကော်မတီဝင်များ ပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ချင်းပြည်နယ် ဟားခါးမြို့ရှိ ပါတီဝင်များနှင့် ဟားခါးမြို့ရှိ ပြည်နယ်ပါတီရုံး ခန်းမ၌ မတ်လ (၂၂) ရက် ညနေ ၄ နာရီတွင် တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီ ဥက္ကဋ္ဌများမှ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများ ဖတ်ကြားတင်သွင်းကြပြီး တက်ရောက်လာသော ပါတီဝင်များက လိုအပ်ချက်ကို တင်ပြခဲ့ကြသည်။