အန္တိမ အဂ္ဂိဈာပနပူဇာကျင်းပရေးအတွက် ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူးနှင့် သထုံပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ များ ပေးအပ်လှူဒါန်း

 

မွန်​ပြည်​နယ်​ ၊သထုံမြို့ မူလမင်းကွန်း​ဇေတဝန်​ပဋိပတ္တိကမ္မဌာန်းတိုက်​နှင့်​လယ်​ဝန်​ပရိယတ္တိစာသင်​တိုက်​ တို့၏ ဦးစီးပဓာန နာယက လဇ္ဇီ​ပေသလ၊ သိက္ခာ ကာမ၊ ဝိနယဂရုက၊ သံသာရဘီရုက၊နိုင်​ငံ​တော်​သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိ တ၊ အဂ္ဂမဟာ သဒ္ဓမ္မ​ဇောတိကဓဇ၊ သိရီပဝရ​ဓမ္မာစရိယ၊ ပိဋကတ္တယပါရဂူ၊နိုင်​ငံ​တော်​သံဃမဟာနာယကအဖွဲ့ ဒု_ဥက္ကဌ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ၏ အန္တိမ အဂ္ဂိ ဈာပနပူဇာကျင်းပ​ရေးအတွက်​ ပြည်ခိုင်ဖြိုးပါတီ အ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်းမှ အလှူ​တော်​​ငွေ ၃_ သိန်း ၊သထုံပြည်​ခိုင်​ဖြိုးပါတီမှ အလှူ​တော်​​ငွေ ၁_သိန်း လှူဒါန်း​ပေးခဲ့​ကြောင်းသတင်းရရှိပါသည်။

တောင်ပေါ်တိုင်းရင်းသားအများစု လိုအပ်နေတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်တွေ ဆက်လက်လုပ် ဆောင်ပေးချင်တဲ့ ကျိုင်းတုံမြို့နယ် အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရှာမွေလရှဲန်

 

ယခင်ရွေးကောက်ပွဲနဲ့ အရင်အစိုးရသက်တမ်းမှာ လားဟူလူမျိုးစုများအတွက်ကို လူမှုရေး၊ စီးပွားရေး၊ လူနေမှု ဘဝမြှင့်တင်ရေးကို အဓိကဆောင်ရွက်ခဲ့ပါတယ်။ ယခုနှစ်ကြားဖြတ် ရွေးကောက်ပွဲ မဲဆန္ဒနယ်(၂) ရှမ်း၊ လားဟူ၊ အာခါ၊ လွယ်လ၊ ဝ၊ ပလောင်၊ အဲန်၊ ကချင်စတဲ့ လူမျိုးပေါင်းစုံ နေထိုင်လျက်ရှိကြတဲ့အတွက် တောင်ပေါ်တိုင်းရင်းသားအများစု လိုအပ်နေတဲ့ ပညာရေး၊ သောက်သုံးရေ ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး စတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း လိုအပ်ချက်များကို လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး (ဒုတိယ)အကြိမ် ပါတီနှစ်စဉ်ကြေး စုပေါင်းပေးအပ် ပွဲပြုလုပ်

 

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (ဒုတိယ)အကြိမ် ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ပွဲကို ယနေ့ (၃၀-၃-၂၀၁၇) နံနက် (၀၉း၃၀)အချိန်တွင် ကျင်းပပြုလုပ်ရာ တိုင်ဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေး မှူးများ၊ မြို့နယ်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး ပါတီဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ပါတီဗဟိုဦးဆောင်ကော်မတီဦးဌေးဦး မြောက်ပိုင်းခရိုင်ပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးသည် မတ် (၂၉) ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရှိ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ၍ ဗဟို ဦးဆောင်ကော်မတီ ဦးဌေးဦးက ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ရာ လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးတင်ယုက ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြခဲ့သည်။

ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း မဲဆန္ဒရှင် ပြည်သူများ ထောက်ခံမှု မြင့်တက်လျှက်ရှိ

 

ဘီလူးကျွန်း ချောင်းဆုံဇာတိသားလည်းဖြစ် ကျွန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနိုင်သူလည်းဖြစ်သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုး (ခြင်္သေ့) ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းအား မဲဆန္ဒရှင်ပြည်သူများ ထောက်ခံအားပေးမှု မြင့်တက်လာလျှက်ရှိ ကြောင်းသိရသည်။


ပါတီဗဟိုဦးဆောင်ကော်မတီဦးဌေးဦး အရှေ့ပိုင်းခရိုင် ပါတီဝင်များနှင့် ဆက်လက်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးသည် မတ် (၂၉) ရက် မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရုံးသို့ သွားရောက်၍ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ချင်းပြည်နယ် ဖလမ်းမြို့နယ် ပါတီကော်မတီဝင်များ ရပ်/ကျေးပါတီကော်မတီ ဝင်များနှင့်တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ချင်းပြည်နယ် ဖလမ်းမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီကော်မတီဝင်များနှင့် ပါတီဝင်များအား ဖလမ်းမြို့နယ် တောင်ဇလပ်ရိပ်သာ၌ မတ်လ (၂၄) ရက် နံနက် ၇ နာရီက တွေ့ဆုံခဲ့သည်။

 

(more…)