


ပြည် စက်တင်ဘာ ၂၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်သည် ပဲခူးအနောက်တိုင်းပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းအတွင်းရေးမှူး၊ တိုင်းကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်(၈)နာရီတွင် နတ်တလင်းခရိုင်ပါတီရုံးသို့ရောက်ရှိပြီး နတ်တလင်းခရိုင်ဥက္ကဋ္ဌနှင့် ခရိုင်ကော်မတီဝင်များ ခရိုင်အတွင်းရှိ နတ်တလင်း၊ဇီးကုန်း၊ပေါင်းတည်၊သဲကုန်းမြို့နယ်များ မှ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ပါတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည် ။
ထိုသို့တွေ့ဆုံရာတွင် နတ်တလင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးမြစိုးက နတ်တလင်းခရိုင် ပါတီ၏တင်ပြချက်များကို ရှင်းလင်းတင်ပြပြီး မြို့နယ်ဥက္ကဋ္ဌများကလည်းသက်ဆိုင်ရာ မြို့နယ်အလိုက်တင်ပြကြပါသည်။
တင်ပြချက်များနှင့်ပါတ်သက်ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူးက တစ်ချက်ခြင်းပြန်လည်ရှင်းလင်းပေးခဲ့ပြီး ပါတီ ၏မူဝါဒ ရေတို ရေရှည် အစီအမံများ ပါတီ ဝင်အင်အားစိစစ်ရာတွင်လိုက်နာရမည့်အချက်များ အပါအဝင် ပါတီ လူငယ်အမျိုးသမီးဆိုင်ရာစီမံချက်များ ပါတီရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးမှာကြားကာတွေ့ဆုံပွဲကို နံနက်(၁၀)နာရီတွင်ပြီးဆုံးခဲ့ပါသည်။











