ယမန်နေ့ သြဂုတ် ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပါတီကော်မတီနှင့် အရံကော်မတီဝင်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ် ပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ် ကျင်းပခဲ့ကြသည်။
ယမန်နေ့ သြဂုတ် ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပါတီကော်မတီနှင့် အရံကော်မတီဝင်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ် ပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ် ကျင်းပခဲ့ကြသည်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အခြေစိုက် အမှတ် (၆၀၂) ခြေမြန်တပ်ရင်းမှ ရှေ့တန်းပြန်တပ်မတော်သားများအား ရွှေကူမြို့နယ် အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ ၊ NGOအဖွဲ့အစည်းများ၊ တိုင်းရင်း သားမျိုးနွယ်စုများ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဆောင်သော မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ မြို့နယ်တွင်းရှိ တပ်မတော်ကို ချစ်မြတ်နှိး သူ များစုပေါင်း၍ ၃.၈.၂၀၁၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် အမှတ်(၆၀၂) တပ်ရင်းရှေ့တွင် အောင်သပြေပန်းများ ပန်းကုံးများဖြင့် ကြိုဆိုဂုဏ်ပြု ခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်း သည် ယနေ့ သြဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းက ဇီးကုန်းမြို့နယ်အတွင်းရှိ သမိုင်းဝင်စေတီ ငါးဆူဖြစ်သည့် လယ်မကျေးရွာရှိ ဖောင်တော်ဦးစေတီ၊ ကံညီကို သာပေါင်းရွာရှိ ပြည်တော်ဝင်စေတီ၊ ကန္တလီကျေးရွာရှိ မိုးသဲ စေတီ၊ ကဇင်းကြီးကျေးရွာရှိစေတီ၊စမ်းအိုင်ကျေးရွာရှိ စေတီတော်များ၏
မှတ်တမ်းစာအုပ်များအား သက်ဆိုင်ရာ စေတီတော်ဂေါပကများထံ ပေးအပ်လှူဒါန်းပြီး ပေါက်ပင်ဆိပ် အ.မ.ကနှင့် လယ်မ အ.မ.က ကျောင်းများရှိ ကျောင်းသား/ကျောင်းသူများသို့ စာရေးကိရိယာများအား ပေးအပ်လှူဒါန်း ကုသိုလ်ပြုခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် ဗဟိုအလုပ်အမှု ဆောင် ဦးသူရိန်ဇော်တို့သည် ယနေ့သြဂုတ် ၄ ရက်နေ့တွင် ကရင်ပြည်နယ် ဖာပွန်မြို့သို့ ရောက်ရှိကြကာ အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအား ကျောင်းသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည်ကရင်ပြည်နယ်တာဝန်ခံဗဟိုအလုပ်အမှုဆောင်ဦးသူရိန်ဇော်လိုက်ပါ၍ကရင်ပြည်နယ်ဖာပွန်မြို့ရီပါတီဝင်များဖြင့်ရင်းနှီးစွာတွေ့ဆုံ၍ အလလှူငွေများပေးအပ်လှူဒါန်းခဲ့ပါသည်။
ပြည်္မခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည်ဗဟိုအလုပ်အမှုဆောင်ဦးသူရိန်ဇော်လိုက်ပါ၍ကရင်ပြည်နယ်ဘားအံမြို့တွင်ကျင်းပပြုလုပ်သော(၄၀)ကြိမ်မြောက် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသို့တက်ရောက်အားပေးခဲ့သည်
၆.၈.၂၀၁၇ ရက်နေ့ တနင်္ဂနွေနေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာတာဝန်ခံ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ၊ အမျိုးသမီးရးရာတွဲဘက်တာဝန်ခံ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့် နှင့် ပါတီဗဟိုကော်မတီဝင်များ ပါတီအဆင့်ဆင့်မှတာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့သည် မှော်ဘီမြို့နယ် ဆပ်သွားတောကျေးရွာအုပ်စု၌ အမျိုးသမီးများကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊လုံခြုံရေး တို့အတွက် အမျိုးသမီးရေးရာတွေ့ဆုံပွဲသို့တက်ရောက်ဆွေးနွေးအားပေးစကားများပြောကြားခဲ့ကြပါသည်။၎င်းအခမ်းအနားသို့ စုစုပေါင်းအင်အား ၁၈၀ ခန့်တက်ရောက်ခဲ့ပါသည်။
ပုဂံမြို့ အာနန္ဒာဘုရားကြီးအား ငှက်ပျောဖူး၊ အထွတ်စေတီ၊ ကွမ်းထောင် တော်၊ နတ်ရုပ်ကြီးလေးရုပ်၊ မုခ်ကပ်ပေါက်မုခ်ဦးနှင့် ဆင်းတုတော် ၂ဝ အား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ရတနာ စိန်ဖူးတော်၊ ဌာပနာ ရွှေကျိပ်၊ ရတနာငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် တို့သည် သြဂုတ် ၄ ရက် (ယမန်နေ့) မွန်းလွဲ ၁ နာရီက ဖာပွန်မြို့နယ် ပါတီခန်းမ၌ မြို့နယ်/ရပ်ကွက် ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက အမှာစကားပြောကြား ပြီး ပါတီဗဟိုအလုပ် အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် နှင့် ပါတီဗဟိုကော်မတီဝင် ပြည်နယ် ပါတီကော်မတီဝင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းထိန်တို့က လိုအပ်သည်များကို ရှင်းလင်းညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။