ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသကြီး ပါတီကော်မတီဝင်ဦးကျော်မြင့်နှင့် ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီ ကော်မတီ ဝင်တို့သည် (တော်သလင်းလပြည့်နေ့) ယမန်နေ့နံနက် ၈ နာရီက ပန်းတောင်းမြို့နယ် တောင်ဘို့ကြီးအုပ်စု တောင်ဘို့ကြီးကျေးရွာ ဓမ္မသုခကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး သီလခံယူတရားတော်နာယူခဲ့ကြသည်။



