တောင်ငူခရိုင်အတွင်းရှိ ခရိုင် မြို့နယ်ပါတီကော်မတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်း တွေ့ဆုံ

 

ပဲခူးတိုင်းဒေသကြီးသို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းသည် ယနေ့ နံနက် ၉နာရီက ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များမှ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် တောင်ငူခရိုင်ပါတီအပါအဝင်ခရိုင်အတွင်းရှိ မြို့နယ် များဖြစ်သော ရေတာ ရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်၊ ဖြူးမြို့နယ်များသို့ရောက်ရှိကာ ပါတီကော်မတီ ဝင် များနှင့်တွေ့ဆုံပြီး ရှေ့ဆက် လုပ်ဆောင်ရမည့် ပါတီလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

တမူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု ( ဆင့်ပွား ) သင်တန်း ကျင်းပ

 

ဟုမ္မလင်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးရဲဝင့်ခိုင် သည် ( ၁၀-၈-၂၀၁၇ ) ရက်နေ့တွင် တိုင်းဒေသကြီးပါတီ၏ တာဝန်ပေးချက်အရ တမူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်း သို့ တက်ရောက်ခဲ့ပြီး လူထုဟောပြောနည်း ဘာသာရပ်ကို ဆွေးနွေးပို့ချခဲ့ ပါကြောင်း သတင်းရရှိပါသည်။

ရန်ကင်းပြည်ခိုင်ဖြိုးရုံး၌ EC အစည်းအဝေး ကျင်းပ

 

ရန်​ကုန်​တိုင်း​ဒေသကြီး အ​ရှေ့ပိုင်းခရိုင်​ ရန်​ကင်းပြည်​ခိုင်​ဖြိုးရုံး၌ EC အစည်း​အဝေးကို ၉ .၈ .၁၇​ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအစည်းအဝေးတွင် ရန်​ကင်းပါတီဥက္ကဌ ဦးဘချစ်​၊ အတွ​င်းရေးမှူးဦး​အောင်​​ဇော်​ရဲတို့ ဦး​ဆောင်​၍ ပါတီနှစ်​စဉ်​​ကြေး​​ကောက်ခံရေး ၃၅ နှစ်​​အောက်​ ဘွဲ့ရလူငယ်​​မွေးထုပ်​​ရေး ၊ အ​ရှေ့ ပိုင်းခရိုင်​​ သွေးလှူးဒန်း​ရေး အတွက်​ တတပ်​တအားပါဝင်း​ရေး၊ အတွင်း​ရေးမှူးက စည်းကမ်းဖြင့်​​နေထိုင်​​ရေးတို့ကို မိန်​ကြားသွားပြီး ရန်​ကင်းမြို့နယ်​ အလုပ်​အမှုဆောင်​အဖွဲ့ကလည်း လိုအပ်​သည်​များကို​ ဆွေး​နွေးသွားကြပြီး အစည်​​အဝေးကို ည​နေ ၁၆း၀၀ နာရီအချိန်တွင်​ ရုတ်​သိမ်းခဲ့ကြောင်း သိရပါသည်။

ပြည်​နယ်​/ခရိုင်​/မြို့နယ်​ပါတီ ​ကော်​မတီအစည်းအ​ဝေးသို့ ဗဟိုအလုပ်​အမှု​ဆောင်​​ ဒေါက်​တာ​အောင်​မြတ်​ဦး (ကချင်​ပြည်​နယ်​ တာဝန်​ခံ)တက်​​ရောက်​ပြီး လမ်းညွန်အမှာစကားပြောကြား

 

ကချင်​ပြည်​နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုးရေးပါတီ ပြည်​နယ်​၊ခရိုင်​၊ မြို့နယ်​ပါတီ​ကော်​မတီ၏ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို (၁၀-၈-၂၀၁၇)ရက်​​နေ့ ​နေ့လည်​(၁) နာရီတွင်​ ပြည်​နယ်​ပါတီရုံးအစည်းအ​ဝေးခန်းမ​တွင်​ကျင်းပပြုလုပ်​ရာ ဗဟိုအလုပ်​အမှု​ဆောင်​ ​ဒေါက်​တာ​အောင်​မြတ်​ဦး (ပြည်​နယ်​တာဝန်​ခံ)တက်​​ရောက်​ အမှာစကား​ပြောကြားခဲ့ကြောင်း ရှေးဦးစွာ ပြည်​နယ်​ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးရားဝမ်​ဂျူံက အဖွင့်​အမှာစကားနှင့်​ ပါတီအဆင့်​ဆင့်​မှ​ ဆောင်​ရွက်​သွားရန်​များကိုလည်း​ကောင်း၊ ထို​​နောက် ​ဗဟိုအလုပ်​အမှု​ဆောင်​​ ဒေါက်​တာအောင်​မြတ်​ဦး (ပြည်​နယ်​တာဝန်​ခံ)က ညွှန်​ကြားချက်​များကို စာရွက်​ပေါ်မှာတင်​ရှိမ​နေ​စေဘဲ စုဖွဲ့မှုစံနစ်​တကျ ဖွဲ့စည်း​ဆောင်​ရွက်​​စေ​ကြောင်းလမ်းညွှန်​မှာကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်​ပြော​ရေး ဆိုခွင့်​ရှိသူ ​ဒေါက်​တာနန္ဒာလှမြင့်​က ပါတီ၏အ​ခြေခံ​အောင်​နိုင်​​ရေးလက်​​တွေ့​ဆောင်​ရွက်​ရန်​နှင့်​ မီဒီယာကိစ္စများ​ ဆွေး​နွေး အကြံပြုကာ တက်​​ရောက်​လာကြသည့်​ မြို့နယ်​ပါတီဥက္ကဌများက မိမိတို့ မြို့နယ်​ဆိုင်​ရာများတင်​ပြကာ ပြည်​နယ်​တာဝန်​ခံနှင့်​ ပြည်​နယ်​ပါတီဥက္ကဌ တို့က ဖြည့်​စွက်​လမ်းညွှန်​မှုပြုခဲ့​ကြောင်းနှင့်​ အစည်းအ​ဝေး ဒုတိယ​နေ့ကို ယနေ့ (၁၁-၈-၂၀၁၇)ရက်​​နေ့ တွင်​ ဆက်​လက်​ ဆောင်​ရွက်​သွားမည်​ဖြစ်​ကြောင်း သိရပါသည်။

ပြည်နယ်ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လစဉ် ပြုလုပ်လျက်ရှိသော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၉ ရက် နေ့ နံနက် ၉ နာရီက ပြည်နယ်ပါတီရုံးအစည်း အဝေးခန်းမတွင် ပြုလုပ် ကျင်းပခဲ့သည်။

မဟာအောင်မြေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး အဆင့် နှုတ်မှု စွမ်းရည်ပြိုင်ပွဲကျင်းပ

 

မဟာအောင်မြေမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှကြီးမှူးကျင်းပသော ရပ်/ကျေး အဆင့် ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲအား ယနေ့ နံနက် ၉ နာရီက မြို့နယ်ပါတီရုံး ခန်းမတွင် ကျင်းပ ခဲ့သည်။

ပြိုင်ပွဲအခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သံပြိုင်သီဆိုဖွင့်လှစ်ကာ မန္တလေးခရိုင် တွဲဖက်နယ်မြေ တာဝန်ခံ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးအောင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် အမရပူရ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ(ခေတ္တ)ဥက္ကဋ္ဌဦးသန်းစိုးက ပြိုင်ပွဲကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ ရပ်/ ကျေးအဆင့်ပါတီဝင်များ၏ နှုတ်မှု စွမ်းရည်ပြိုင်ပွဲအား အစီအစဉ်များ အတိုင်းဆက်လက် ကျင်းပ ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ ကျေးရွာပါတီဝင်များ နှုတ်မှုစွမ်းရည်ပြိုင်

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံ မြို့ (၂)ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် မြို့နယ်ပါတီကော်မတီဝင်များ၏ နှုတ်မှု စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရ သည်။

အဆိုပါ နှုတ်မှုစွမ်းရည်ပြိုင်ပွဲတွင် တက်ရောက်လာသူများမှ နိုင်ငံတော် သီချင်းအား သံပြိုင်သီ ဆိုခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမြတ်သူက အဖွင့်အမှာစကားပြောကြားခဲ့ သည်။

မယ်စဲ့မြို့နယ်ပြည်ခိုင်ဖြိုးပါတီကြားဖြတ်ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်း

 

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်ပါတီကြားဖြတ် ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မယ်စဲ့ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဦးဌေးရယ်က ကြားဖြတ်ပြန်လည် ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများကို အသေးစိတ်ရှင်းလင်းပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးအား ဂျပန်နိုင်ငံ Suita Rotary Club မှ Club President နှင့်အဖွဲ့လာရောက်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးအား ဂျပန်နိုင်ငံမှSuita Rotary Club မှ Club President ဖြစ်သူ Ms. Kuniko Tat-amitani ဦးဆောင်သောအဖွဲ့သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန် မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် (ရန်ကုန်) ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။

တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဘိလပ်မြေနှင့် ဘလောက်အုတ်များ လှူဒါန်းခြင်း

 

တာချီလိတ် ခရိုင် / မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကွင်းဆင်းခရီးစဉ်တွင် မိုင်းကိုးအုပ်စုပန်ဟတ်၊အမကကျောင်းတွင် လိုအပ်နေသည့် ဘိလပ်မြေနှင့် ဘလောက်အုတ် များကို (၁၀-၈-၂၀၁၇)ရက်နေ့တွင် ခရိုင်/မြို့နယ် ဥက္ကဌနှင့်ပါတီမှသွားရောက်လှူဒါန်းရာ ကျောင်းအုပ် ဆရာကြီး ဦးသန်းထိုက်က လက်ခံရယူခဲ့ပါသည်။

တာချီလိတ်ခရိုင်/မြို့နယ်ပါတီမှ ဘလောက်အုတ်၅၀၀လုံး၊ ဦးစိုင်းအုံးပွင့်+ ဒေါ်တင်မေထွန်း (ဗဟိုပါတီကော်မတီဝင်) မိသားစုတို့က ဘိလပ်မြေ(၂၀)အိတ်တို့ကို လှူဒါန်းပေးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။