ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပူဇော် အချိုရည်ဘူးနှင့်ရေသန့်ဘူးများလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဦးဆောင်မှုဖြင့် ရန်ကုန် တိုင်းဒေသကြီး မြို့နယ်များမှ လူငယ်နှင့်အမျိုးသမီးရေးရာကော် မတီဝင်များသည် ယမန်နေ့က တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးမှ ဗဟို ကော်မတီဝင် ဒေါ်သင်းသင်းမိုးနှင့် ဒေါ်အေးမင်းမိုး ဦးဆောင်သည့် လူငယ်အဖွဲ့မှ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အလယ်ပစ္စယာ တွင် တန်ဖိုးငွေကျပ် ၄၅ဝဝဝဝ တန်ဖိုးရှိ ရေသန့်ဘူးများကို ဘုရား ဖူး ပရိသတ်များအား လှူဒါန်းကြ သည်။ ပါတီဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်း ဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ ကော်မတီဝင်များသည်မဟာဝိဇယ စေတီတော်မြတ်ကြီးတွင် ညောင် ရေသွန်းလောင်းခြင်း၊ ဝတ်ရွတ် ပူဇော်ခြင်း၊ ဘုရားဖူးလာ ပရိသတ် များကို စတုဒိသာ အချိုရည်ဘူး များ လှူဒါန်းခြင်းဖြင့် ကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏မဟာဗောဓိပင်တွင် ပုဇွန်တောင်ပြည်ခိုင်ဖြိုးညောင်ရေသွန်း

 

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်(၇)ရပ်ကွက် ဦးရွှေဂွန်းလမ်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏ ပရိဝုဏ် အတွင်းရှိ ပရိဘောဂစေတီတော်မြတ်ဖြစ်သည့် မဟာဗောဓိပင် တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပုဇွန်တောင် မြို့နယ် ကုသလဝါယာမဆွမ်းလောင်းအသင်းသည် ယမန်နေ့ နံနက် ၇ နာရီမှ ၈ နာရီအထိ ညောင်ရေသွန်းလောင်း လုပ်အား ဒါနကုသိုလ်ယူကြသည်။
ယင်း ကဆုန်ညောင်ရေသွန်းပွဲတော်သို့ ပုဇွန်တောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးမောင်မောင်မြင့်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/စည်း ခေါင်းဆောင်များ၊ ပါတီဝင် စုစုပေါင်း ၂ဝ လုပ်အားဒါနကုသိုလ်ယူကြသည်။ ဘုရားဖူးလာ ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့ စိတ်ချမ်းမြေ့စွာဖြင့် ညောင်ရေသွန်းလောင်းပူဇော်နိုင်ရန်အတွက် ဘာသာရေးအဖွဲ့များ နှင့် လူမှုရေးအဖွဲ့ ၁၅ ဖွဲ့သည် အလှည့်ကျ နံနက် ၆ နာရီမှ ည ၉ နာရီအထိ လုပ်အားဒါနကုသိုလ်ယူကြကြောင်း သိရ သည်။

မြောက်ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်နှစ်စဉ်ကြေးများပေးအပ်

 

ရန်ကုန်အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ဦးဆောင်၍ မြို့နယ် ပါတီကော်မတီဝင် စည်းရုံးရေးရာတာဝန်ခံ ဦးအေးမင်းဇော်၊ မြို့နယ် ကော်မတီဝင် ဦးသန်းဦး၊ အမှတ်(၁)ရပ်ကွက်စည်းရုံးရေးမှူး ဒေါ်ခင်ဝင်း နှင့်ကော်မတီများ၊ လူငယ်ကေဒါများ ယမန်နေ့ နံနက် ၈ နာရီတွင် ပါတီဝင်နေအိမ်များသို့ ပါတီဝင်စိစစ်ခြင်းနှင့် ပါတီဝင်နှစ်စဉ်ကြေးကောက် ခံခြင်းများ ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ပါတီဝင်များက နှစ်စဉ်ကြေးပေးသွင်းမှု စုစုပေါင်းကျပ် ငါးသောင်းတိတိရရှိမှုအား အမှတ် (၁)ရပ်ကွက်တာဝန်ခံ ဒေါ်ခင်ဝင်းက မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ထံသို့ လွှဲပြောင်းပေးအပ်ကြောင်း သိရသည်။

ကဆုန်ညောင်ရေသွန်းလောင်းသူများအား စတုဒိသာကျွေးမွေးလှူဒါန်း

 

တောင်ဥက္ကလာပမြို့နယ် ရှေးဟောင်းခုနစ်ဆူဘုရား နှင့်ဥက္ကလာပစေတီတော်ညောင်ရေသွန်းလောင်း လှူပွဲတွင် တောင်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးမျိုးမင်းအောင် နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာနှင့် လူငယ်အဖွဲ့များ၊ ရပ်ကွက်ပါတီ ကော်မတီဝင် များ စုပေါင်း၍ မေ ၁ဝ ရက်(ကဆုန်လပြည့်နေ့)တွင် စတုဒိသာများလှူဒါန်းခဲ့စဉ်။

စိန်ဝင်းနိုင်


မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်း ခရိုင် မြို့နယ် ပထမလေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစု ရှေးဟောင်းစေတီတော်များ တည်ရှိရာ သိမ်ကျောင်းတွင် ကျင်ပ ပြုလုပ်သည့် ကဆုန်ညောင်ရေသွန်းပွဲ၊ သံဃာတော် အပါး (၅၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ဘုရားပလ္လင်နှင့် ဆင်းတုတော်များ ရေစက်သွန်းချ လှူဒါန်းပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်၊ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဒေါက်တာဒေါ်စန်းစန်းနွယ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ပြည်သူလူထုအင်အား ၃၀၀၀ ကျော် ပါဝင်ကုသိုလ်ယူကြသည်။


အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးအစည်းအဝေးခန်းမ၌ တိုင်း/ခရိုင်/ မြို့နယ် ပါတီကော်မတီဝင်များ တွေ့ဆုံ

 

(9.5.2017) နေ့ နေ့လည် (1:30) အချိန်၌ အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး အစည်းအဝေးခန်းမ၌ တိုင်း- ခရိုင်- မြို့ နယ်ပါတီ ကော်မတီဝင်များ တွေ့ဆုံခဲ့ကြပါသည်။

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဥက္ကဌ ဦးသန်း​ဌေး မှ (၄)ကြိမ်​​မြောက်​ ရခိုင်​အမျိုးသား​နေ့သို့ ​ပေးပို့သည့်​ သ၀ဏ်​လွှာ