မင်းပြားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀.၈ .၂၀၁၇ရက်နေ့ မင်းပြားမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ရပ် / ကျေး ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀. ၈ .၂၀၁၇ ရက်နေ့ နေ့လည် ၁၂:၀၀နာရီချိန်တွင် ပါတီရုံးအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

အဆိုပါ အစည်းဝေးသို့ ပြည်နယ်ကော်မတီဝင်၊ မြို့နယ်တာဝန်ခံ ဦးဦးဘသိန်း၊ မြို့နယ်ဥက္ကဌ ဦးအောင်စောသန်း၊ မြို့နယ်အတွင်းရေးမှူး ဦးကိုသန်းရွှေ၊ မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ ရပ်/ကျေး ကော်မတီဝင်များ စုစုပေါင်း ၁၃၅ ဦး တက်ရောက်ခဲ့ပါသည်။

ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်စည်းရုံးရေးကော်မတီ သီးခြား အစည်းအဝေးနှင့် တွေဆုံပွဲ ကျင်းပ

ငဖဲ သြဂုတ်​ ၂၁

ငဖဲ မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီသည်​ မြို့နယ်​ စည်းရုံး​ရေး​ကော်​မတီ သီးခြားအစည်းအ​ဝေးနှင့်​ ​”​တွေ့ဆုံပွဲ” မင်းဘူးခရိုင်​ လုပ်​ငန်းစစ်​)တို့ကို ယ​မန်နေ့ 21-8-2017​နေ့တွင်​ သီးခြားစီ ကျင်းပခဲ့ပါ သည်​။

ရှေးဦးစွာ နံနက်​ ၁၁းဝဝနာရီအချိန်​တွင်​ မြို့နယ်​စည်းရုံး​ရေး​ကော်​မတီ သီးခြား အစည်းအ​ဝေးကို ကျင်းပရာ ရုံးချိန်​တာဝန်​ခွဲ​ဝေမှု၊ ​ရေးရာ​ကော်​မတီ အုပ်​စုကိုယ်​စားလှယ်​များ လစ်​လပ်​​နေရာများ မဖြစ်​မ​နေ ဆက်​လက်​​ဆောင်​ရွက်​​ရေး၊ မြို့နယ်​စည်း​ကော်မတီ၏ လုပ်​ငန်းတာဝန်​များအား အပြန်​အလှန်​ ​ဆွေး​နွေး​ထောက်​ခံ ဆုံးဖြတ်​ခဲ့ကြပြီး အစည်းအ​ဝေးကို မွန်းတည့်​ ၁၂းဝဝနာရီတွင်​ရုပ်​သိမ်းခဲ့ကြပါသည်​။

ပြည်​ခိုင်​ဖြိုးပါတီ မန္တ​လေးခရိုင်​၊ ရပ်​/​ကျေး​ကော်​မတီဝင်​များ၏ နှုတ်မှု စွမ်းရည်ပြိုင်ပွဲကျင်းပ

(၂၂.၈.၂၀၁၇) ရက်​​နေ့ (၀၈း၃၀) နာရီအချိန်​တွင် မန္တ​လေးခရိုင်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ ရပ်​/​ကျေး​ကော်​မတီဝင်​များ၏ နှုတ်​မှုစွမ်းရည်​ပြိုင်​ပွဲ ကျင်းပပြုလုပ်​ရာ ပြည်​ခိုင်​ ဖြိုးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦး​ဝင်း​မောင်​၊ တိုင်း​ဒေသကြီး ပါတီအတွင်း​ရေးမှူး ဦး​ အောင်ကျော်​မိုးနှင့်​ တိုင်း​ဒေသကြီးပါတီကော်မတီဝင်များ၊ အကဲဖြတ်​ဒိုင်​လူကြီးများ၊ မန္တ​လေးခရိုင်​ပါတီဥက္ကဌနှင့်​ ခရိုင်​ပါတီ ကော်​မတီဝင်​များ၊ မန္တ​လေးခရိုင်​အတွင်းရှိ ​မြို့နယ်များမှ ဥက္ကဌများ၊ မြို့နယ်​အတွင်း​ရေးမှူးများ၊ မြို့နယ်​​ကော်​မတီဝင်​များနှင့်​ ရပ်​/​ကျေးများမှ ပြိုင်​ပွဲဝင်​များ၊ ဖိတ်​ကြားထားသည့်​ဧည့်​သည်​​တော်​များ တက်​​ရောက်​ခဲ့ကြ ပါသည်​။

ဗဟိုအလုပ်အမှုဆောင်(ရှမ်း/အရှေ့)နယ်မြေတာဝန်ခံဦးစိုးနိုင်နှင့် ကျိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များတွေ့ဆုံ ==========================

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံသို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်(ရှမ်း/ အရှေ့) နယ်မြေတာဝန်ခံဦးစိုးနိုင်နှင့် ရှမ်းအရှေ့ ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်၊မိုင်းယန်းမြို့နယ်၊ မိုင်းခတ် မြို့နယ်တို့မှ ကော်မတီဝင်များ၊ကျိုင်းတုံမြို့နယ် ရပ်မိရပ်ဖများနှင့် ကျိုင်းတုံပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ယနေ့တွေဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် (ရှမ်း/ အရှေ့) မြို့နယ်ပါတီဥက္ကဋ္ဌများမှ ရေးရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြခြင်း၊ ခရိုင်ပါတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေး ရှင်းလင်းတင်ပြခြင်း၊ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းကျော်လှက အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးအင်ဒိုနီးရှားနိုင်ငံ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဧည့် ခံပွဲသို့တက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ယနေ့ည ၇နာရီအချိန်က ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပပြုလုပ်သည့် အင်ဒိုနီးရှားနိုင်ငံ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဧည့်ခံပွဲသို့တက်ရောက်ခဲသည်။
အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သီချင်း၊အင်ဒိုနီးရှားနိုင်ငံတော်သီချင်းများဖြင့်စတင်ဖွင့်လှစ်ခဲ့သည်။


ပါတီဗဟိုအလုပ်အမှုဆောင်ဦးမြင့်စိုးရွှေဘိုမြို့နယ်ပါတီကော်မတီဝင်များ နှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ၂ နာရီခွဲက ရွှေဘိုမြို့နယ် ပန်းရံကျးရွာတွင်ကျင်းပသော ရွှေဘို မြို့နယ် ပါတီကော်မတီဝင်များ၊ ရွှေဘိုမြို့နယ် ပန်းရံကျေးရွာအုပ်စု ပါတီဝင်များ နှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့သည်။

ရာဇသင်္ဂဟဖောင်ဒေးရှင်းနှင့်ပြည်ခိုင်ဖြိုးပါတီပျဉ်းမနားမြို့နယ်ကျေးရွာ အုပ်စုများရှိ စာသင်ကျောင်းများအား အခမဲ့ခြင်ဆေးဖျန်း

 

နေပြည်တော် ရာဇသင်္ဂဟဖောင်ဒေးရှင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ပူးပေါင်း၍ နေပြည်တော် ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ် အတွင်း ကျေးရွာအုပ်စုများရှိ စာသင် ကျောင်းများနှင့် ဘုန်းတော်ကြီး ကျောင်းများသို့ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ခြင်ဆေးလိုက်လံဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့သည်ဟု သိရသည်။

ပါတီဗဟိုအလုပ်အမှုဆောင်ဦးမြင့်စိုးရွှေဘိုမြို့နယ်ပါတီကော်မတီဝင်များ နှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ၂ နာရီခွဲက ရွှေဘိုမြို့နယ် ပန်းရံ ကျးရွာတွင်ကျင်းပသော ရွှေဘို မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရွှေဘိုမြို့နယ် ပန်းရံကျေးရွာအုပ်စု ပါတီဝင်များ နှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ပြီး ပါတီစည်းရုံးရေးလုပ်ငန်း များနှင့် ပတ်သက်၍ အကျယ် တဝင့် ဆွေးနွေးခဲ့သည်။

ကျောက်ကြီးပြည်ခိုင်ဖြိုးပါတီ လူငယ်နှင့်အမျိုးသမီးရေးရာအဖွဲ့ ကသစ်ဝိုင်ရိပ်သာ ၁ဝ ရက်စခန်းကို လုပ်အားဒါနပြုလုပ်ဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက် ရွှေမင်းဝံကုန်းမြေ ကသစ်ဝိုင်ဓမ္မရိပ်သာ (၆၁)ကြိမ်မြောက် ၁ဝ ရက်စခန်း အလုပ်ပေးတရားစခန်းဝင်ယောဂီ များ၏ ဝေယျာဝစ္စများကို ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်အတွင်းရေးမှူး ဦးဝင်းနိုင်နှင့် လူငယ်ရေးရာတာဝန်ခံ ဦးထွန်းမင်းလတ်၊ အမျိုးသမီးရေးရာ တာဝန်ခံနှင့် ပါတီကော်မတီဝင်များ၊ လူငယ်နှင့်အမျိုးသမီးရေးရာ ပါတီဝင် စုစုပေါင်း ၃ဝ ခန့်တို့က ယနေ့နံနက် ၄ နာရီမှစ၍ လုပ်အားဒါန ပြုလုပ်ဆောင်ရွက်ရာ နံနက် ၇ နာရီခွဲတွင် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီက သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီမြောက်ပိုင်းခရိုင်တာဝန်ခံ ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးခင်မောင်တင့်၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးတင်ယုနှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိမြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ကုသိုလ်ယူ ခဲ့ကြကြောင်း သိရသည်။