ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်သည် ယမန်နေ့ နံနက် ၁ဝ နာရီတွင် ပဲခူးမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း (အမျိုးသားတန်းမြင့်ကျောင်း) ဝိုင်အမ်ဘီအေခန်းမဆောင်၌ ကျင်းပသော ၁၉၆၁-၁၉၆၂၊ ၁၉၆၂-၁၉၆၃၊ ၁၉၆၃-၁၉၆၄၊ ၁၉၆၄-၁၉၆၅ တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူ ဟောင်းများ၏ နဝမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲနှင့် ပြန်လည်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် အားပေးချီးမြှောက်ပူဇော်ပြီး ငယ်စဉ်တောင်ကျေးကျောင်းသားဘဝတုန်းက အမှတ်တရ အောက်မေ့ဖွယ် စကားများကို ပြောကြားခဲ့သည်။



