ရပ်စောက်ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေး

 

ယမန်နေ့(၁၈.၉.၂၀၁၇)ရက်နေ့တွင် ရပ်စောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်မှုဆောင် ဦးအောင်ထွန်း၊ဗဟိုပါတီကော်မတီဝင် ဦးခင်မောင်မြင့်၊ မြို့နယ်ပါတီဥက္ကဌ ဦးမောင်မောင်လွင်တို့မှ ဟွှေးကျေးရွာအုပ်စု ရေဖြူ ကျေးရွာမှ ပါတီအဆင့်ဆင့်ခေါင်းဆောင်များ၊ အမာခံပါတီဝင်များနှင့်တွေ့ဆုံခဲ့ပြီး ပါတီဝင်အင်အား (၁၃၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

USDP – Yatsauk


မအူပင်ပြည်ခိုင်ဖြိုးပါတီမှ လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပ

 

မအူပင်​မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ယမန်နေ့(၁၈-၉-၂၀၁၇)ရက်​​နေ့ နေ့လည် (၂း၀၀)နာရီအချိန်​တွင် ဧရာဝတီတိုင်းပါတီ​ကော်​မတီဝင်၊​ မအူပင်​ခရိုင်​တာဝန်​ခံ ဦးသန်းထွန်း၊ မြို့နယ်​ပါတီဥက္ကဋ္ဌ ဦး​စော​သောင်းဒန်​ ၊ပါတီအတွင်း​ရေး​မှူး ဦးတင်​၀င်း ၊ပါတီ​ကော်​မတီဝင်​များ အရန်​​ကော်​မတီဝင်​များနှင့့်ပတီ၏​ရှေ့လုပ်​ငန်းစဉ်​များ ညှိနိုင်း​ဆွေး​နွေးကြကြောင်း သိရသည်။

Thein Lwin


မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့်မနောသုခသွေးလှူရှင်များစုပေါင်း ဓမ္မစကူးလ်ကျောင်းသားကျောင်းသူများအား တီရှပ်အင်္ကျီလှူဒါန်း

 

မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် မြေမြင့်ဗုဒ္ဓသာသနာပြုကျောင်းတိုက် ဓမ္မစကူးလ်သင်တန်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြစ်ကြီးနား မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် မနော သုခသွေးလှူရှင်များ စုပေါင်း၍ ဓမ္မစကူးလ်ကျောင်းသားကျောင်း သူများအား တီရှပ်အင်္ကျီလှူဒါန်းခဲ့ ကြောင်း သိရသည်။
အမျိုး၊ဘာသာ၊သာသနာစောင့် ရှောက်ရေးလုပ်ငန်းစဉ်ဖြစ်သည့်ဓမ္မ စကူးလ်သင်တန်းများကို နိုင်ငံ တစ်ဝန်း၌ အပတ်စဉ်တနင်္ဂနွေနေ့ တိုင်း ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် မြေမြင့်ဗုဒ္ဓသာသနာပြုကျောင်းတိုက် ဓမ္မစကူးလ်သင်တန်းတွင် ဓမ္မစကူးလ်တံဆိပ်ရိုက်နှိပ်ထားသော တီရှပ်အင်္ကျီများကို မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မနောသုခသွေး လှူရှင်နှင့်လူမှုရေးအဖွဲ့များက စုပေါင်း၍လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ              ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ပြည်ထောင်စုနယ်မြေနှင့်ခရိုင်၊ မြို့နယ်များအစည်းအဝေးကျင်းပ ခဲ့သည်။

ပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်းခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ချစ်ကြည်ရေးခရီးသွားရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းခေါင်းဆောင်သော တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပါတီဝင်စုစုပေါင်း ၂၁ ဦးတို့သည် ယနေ့မွန်းလွဲ ၃နာရီ ၅၅ မိနစ်ခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာသွားကြောင်းသိရသည်။
ယင်းချစ်ကြည်ရေးအဖွဲ့သည် ကူမင်းမြို့၊ ဝူဟန်မြို့၊ ဒါလျန်းမြို့နှင့်ပေကျင်းမြို့များသို့ ၁ဝရက်ကြာသွားရောက်လေ့လာမည်ဖြစ်ပြီး ယခုလ ၂၇ ရက်တွင် လေကြောင်းဖြင့်ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ် ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်း ရေးမှူးဦးတင်အောင်ချစ် အောင်လံ မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင် အောင်ချစ်သည် မကွေးတိုင်းဒေသ ကြီး သရက်ခရိုင် အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ပါတီ ကော်မတီဝင်များလိုက်ပါလျက် ယမန် နေ့မွန်းလွဲ ၁ နာရီက အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်အခြေစိုက် မြင်းကပိုင်ကျေး ရွာမှ ရွာဦးကျောင်းဆရာတော်အား ဖူးမြော်  ကြည်ညိုပြီး နဝကမ္မသုံးစွဲရန် အလှူငွေများလှူဒါန်းကာ ပါတီဝင်များနှင့်တွေ့ဆုံခဲ့ကြောင်း သိရ သည်။ ထိုသို့တွေ့ဆုံရာတွင် ယနေ့နိုင်ငံရေးအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲတွင် အမှာစကားပြောကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော်ရုံးချုပ်သင်တန်းကျောင်းခန်းမတွင် နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၂)ကို ယနေ့ နံနက် ၈နာရီခွဲတွင် နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး အခမ်းအနားတွင် ပါတီဥက္ကဋ္ဌဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
အမှာစကားပြောကြားရာတွင် လိုအပ်ချက်နှင့်တောင်းဆိုချက်များအရ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းကို ပေါ့ပေါ့တန်တန်သဘောမထားဘဲ လေ့လာသင်ယူရမည့်ကိစ္စရပ်များအားလုံးကို အပတ်တကုတ် လေ့လာမှတ်သားသွားကြရန်လိုကြောင်း၊ လူတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ အမြဲတမ်းလေ့လာဆည်းပူးနေမှသာ တိုးတက်အောင်မြင်မှုရှိလာမည်ဖြစ်ကြောင်း၊ မိမိအကျိုးနှင့် ပါတီအကျိုးယှဉ် လာလျှင် ပါတီအကျိုးကိုဦးစားပေး ပြီး ပါတီအကျိုးနှင့် နိုင်ငံအကျိုး ယှဉ်လာလျှင် နိုင်ငံအကျိုးကိုဦးစား ပေးရမည်ဖြစ်ကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး ဆို သည့်အချက်များကို လိုက်နာကျင့် ကြံအားထုတ်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

နေရပ်စွန့်ခွာတိမ်းရှောင်လာသူ ဒိုင်းနက်(သက္ကမ)လူမျိုးများအား ပြည်ခိုင်ဖြိုးပါတီ ထောက်ပံ့ငွေများပေးအပ်

 

ရခိုင်ပြည်နယ်မြောက်ပိုင်းမေယု ခရိုင်အတွင်း သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သော အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့်နေ ရပ်စွန့်ခွာတိမ်းရှောင်လာကြသော ဒိုင်းနက် (သက္ကမ)လူမျိုးများအား ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများ က ထောက်ပံ့ငွေများပေးအပ်ကူညီ ခဲ့ကြကြောင်း သိရသည်။

သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီ လပတ်အစည်းဝေးကျင်းပ

 

သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လပတ်အစည်းဝေးကို ၁၅.၉.၂၀၁၇ ရက်နေ့တွင်ကျင်းပရာ မြို့နယ်ဥက္ကဌဦးဆောင်သော မြို့နယ်ပါတီကော်မတီဝင်များ၊ခရိုင်ပါတီ      ကော်မတီ ဦးအုန်းမောင်နှင့် ပြည်နယ်ပါတီ ဦးစိုင်းစိန်လင်းတို့ တက်ရောက်ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်း အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 

ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားအား နေပြည်တော်ရှိ ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ကျင်းပရာ အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး “မိမိတို့ ပါတီဝင်များ အနေဖြင့် ပါတီဆောင်ပုဒ်များနဲ့အညီ ကြိုးစားနေထိုင်ကြရန်၊ ပါတီအကျိုးနှင့်တိုင်းပြည်အကျိုးယှဉ်လာပါက တိုင်းပြည်အကျိုးကိုပိုမိုအလေးထားကြရန်”လမ်းညွှန်မှာကြားခဲ့ပါသည်။