

(မြစ်ကြီးနား)


(မြစ်ကြီးနား)


မြစ်ကြီးနား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ ဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်၊ ဗဟိုအလုပ်အမှူဆောင် ဦးမြင့်စိုးတိုသည် ယမန်နေ့နံနက် (၁၁း၂၀) နာရီအချိန်ခန့်တွင် လေ ကြောင်းခရီးဖြင့် မြစ်ကြီးနားမြို့သို့ရောက်ရှိလာရာ ပြည်နယ်အတွင်းရေးမှူး ဦးစိုးသိန်းနှင့် ပြည်နယ်/ခရိုင်/// မြို့နယ်နှင့် ရပ်ကွက်ကျေးရွာ ပါတီကော်မတီဝင်များက လေဆိပ်၌ ကြိုဆိုနှုတ် ဆက် ခဲ့ကြပါသည်။
Crd;
ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၆ နာရီအချိန်


တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေဥမှင်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ပြီး စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့သည်။ စေတီတော်ဂေါပကအဖွဲ့အား ရှေ့ဟောင်သမိုင်းဝင်စေတီတော်မြတ်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ စေတီတော်ဂေါပကအဖွဲ့မှ ပေးအပ်သော ရွှေဥမှင်အမှတ်တရ ဓာတ်ပုံအားလက်ခံရယူခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်တွင် ရှမ်းပြည်နယ် ( တောင်ပိုင်း ) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ပင်းတယမြို့နယ် တယ်ပင်ကျေးရွာ ဝါတရာကျေးရွာ ရှောက်ပင်ကျေးရွာများမှ အသက်ပြည့်ပြီးဖြစ်သည့် ကျေးရွာသားအားလုံး ကျေးရွာလုံးကျွတ် ပါတီဝင်ခဲ့ကြသည့် ပါတီဝင်များမှ ပါတီဝင်အဆိုပြုလွှာနှင့် ပါတီဝင်ကြေးပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။

ရှမ်းပြည်နယ် တောင်ပိုင်းသို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များသည် အောက်တိုဘာ ၁၈ ယနေ့ နံနက် ၁ နာရီခွဲ အချိန်တွင် ရှမ်းပြည်နယ် ( တောင်ပိုင်း ) ကလောမြို့နယ် တောင်လားကျေးရွာအုပ်စု ဆင်လည်ကျေးရွာ၊ ငှက်ပျောကျေးရွာများမှ အသက်ပြည့်ပြီးဖြစ်သည့် ကျေးရွာသားအားလုံး ကျေးရွာလုံးကျွတ် ပါတီဝင်ခဲ့ကြသည့် ပါတီဝင်များမှ ပါတီဝင်အဆိုပြုလွှာနှင့် ပါတီဝင်ကြေးပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။
နေပြည်တော် အောက်တိုဘာ ၁၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင်ရှိ မြို့နယ်ရှစ်မြို့နယ် လူငယ်တာဝန်ခံများနှင့် ပြည်ထောင်စုနယ်မြေပါတီ အတွင်းရေးမှူး ဦးဌေးဝင်း၊ ပါတီဌာနချုပ် လူငယ်ရေးရာဌာနဌာနမှူး ဦးတင့်ဇော်၊ နေပြည်တော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ယခုလ ၁၃ ရက် နံနက် ၁ဝ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မြို့နယ်ကော်မတီဝင်များ ရပ်မိရပ်ဖများ ဒေသခံပြည်သူများနှင့် ဆွေ့ဆုံပွဲအခမ်းအနားကို ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် ပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမတွင် ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကျင်းပပါသည်။

(၁၅-၁၀-၂၀၁၇)ရက်နေ့၊ နံနက်(၇း၃၀) တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ဘဏ္ဍာရေးမှူး ဦးဝေယံဦး၊ ခရိုင်ကော်မတီဝင် ဦးစိုင်းလုံထီ၊ ဒေါ်နန်းဝိုးလှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ကော်မတီဝင် ဦးအောင်ဝင်း၊ ဦးခင်မောင်ထွန်း၊ ဦးစိုးကျော်အောင်၊

စစ်ကိုင်းတိုင်း ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာမှ ကျင်းပသော ဓမ္မစကြာ ရွတ်ပွားပူဇော်ပြိုင်ပွဲ ပထမဆုရ မုံရွာမြို့နယ် ကိုယ်စားပြု ကော်လပြကျေးရွာ (ငြိမ်းချမ်းအေး) ဓမ္မစကြာဝတ်အသင်း ဂုဏ်ပြုပွဲ အခမ်းအနားကို ၁၅.၁၀.၂၀၁ရ ရက်နေ့ နံနက် ၉း၀၀ – ၁၁း၀၀ နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအောင်ကြည်သိန်းသည် သထုံမြို့ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ သထုံခရိုင်၊ မြို့နယ်၊ ရပ်/ကျေးပါတီအမှုဆောင်များနှင့် ၁၄.၁၀.၂၀၁၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် တွေ့ဆုံခဲ့ပါသည်။
ပထမဦးစွာ ပြည်နယ်ပါတီဥက္ကဌမှ စည်းရုံးရေးဆိုင်ရာကိစ္စများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်/မြို့နယ်၊ ရပ်/ကျေးများမှ တင်ပြဆွေးနွေးမှုအပေါ် ပြည်လည်ဖြည့်စွက် ရှင်းလင်းခဲ့ပြီး နေ့လည် ၁း၀၀ နာရီအချိန်တွင် တွေ့ဆုံပွဲအခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်