စဥ့်ကိုင်ကြီးကျေးရွားအတွင်းရှိ ကျောင်းသူ/ကျောင်းသားများအတွက် ဗလာစာအုပ်များ လှူဒါန်း

 

စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးထွန်းနိုင်၊ မြို့နယ် ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့ များသည်​ ( ၂၄.၉.၂၀၁၇ ) ရက်နေ့တွင် စဉ့်​ကိုင်​ကြီး​ကျေးရွာအတွင်းရှိ မူကြို၊ မူလတန်း၊ အလယ်တန်း၊ အထက် တန်း ကျောင်းသား /ကျောင်းသူ (၁၂၀) ဦးအတွက် ဗလာစာအုပ်များ လှူဒါန်းခဲ့ပါသည်​။

ပါတီဗဟိုအတွင်းရေးမှူး ဦးဆောင်သော မြန်မာ့ချစ်ကြည်ရေးကိုယ်စာ လှယ်အဖွဲ့နှင့် တလျန်သင်တန်းကျောင်းမှ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေး

 

တရုတ်ကွန်မြူနစ်ပါတီ (CPC) ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးရောက်ရှိနေသော ပြည်ခိုင်ဖြိုးပါတီဗဟို အတွင်းရေးမှူး ဦးသန်းထွန်း ဦးဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စာလှယ်အဖွဲ့သည် ၂၀၁၇ခုနှစ် စက်တင်ဘာလ (၂၄) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၀၉း၀၀) နာရီချိန်တွင် တလျန်တရုတ်ကွန်မြူနစ် ပါတီ သင်တန်းကျောင်းခန်းမ၌ တွဲဖက်ပါမောက္ခ Mrs.Zhu Qianမှ ပါတီနှင့် အစိုးရသန့်ရှင်းရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကြောင်းအား ရှင်းလင်းဆွေးနွေးရာ တက်ရောက်ခဲ့ကြသည့် ကိုယ်စာလှယ်အဖွဲ့မှ သိရှိ လိုတာများအား သင်တန်းကျောင်း တွဲဖက်ပါမောက္ခမှ ပြန်ရှင်းဆွေးနွေးခဲ့ သည်။

ကျိုက်ထိုပြည်ခိုင်ဖြိုး သိမ်တပတ်ဆွမ်း လောင်းလှူပူဇော်

 

ကျိုက်ထို၊ စက်တင်ဘာ ၂၃

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် တစ်နှစ်တစ်ခါ ကျင်းပပြုလုပ်သော ဗုဒ္ဓဘာသာဝင်များအလေးအမြတ်းထားရာ ပွဲတော်တစ်ခုဖြစ်သော သိမ်တပတ်ဆွမ်းလောင်းပွဲတော်ကို စက်တင်ဘာလ ၂၃ ရက် နံနက်‌ ဝ၄းဝဝ နာရီအချိန်တွင်ကျင်းပရာ ကျိုက်ထို့မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှလည်း ၎င်းတို့ပါတီရုံး၌ ပါဝင်ကုသိုလ်ယူ လောင်းလှူခဲ့ကြသည်။

မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမိုင်းထိလူနာအား ထောက်ပံ့ငွေပေးအပ်

 

မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီအတွင်းရေးမှူး ဦးပြည့်ဖြိုးမင်းနှင့် ကော်မတီဝင်များသည် ယမန်နေ့ နံနက် ၁ဝနာရီက မြို့သစ်ကြီးကျေးရွာသို့ သွား       ရောက်၍ မိုင်းထိလူနာအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရသည်။

တိုက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ(၁ဝ)ကြိမ်မြောက်ဆွမ်းလောင်းပွဲကျင်းပ

 

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ (၁ဝ)ကြိမ်မြောက် ဆွမ်းလောင်းပွဲတော်ကို ယနေ့ နံနက် ၄နာရီမှစတင်ကာ မြို့နယ်ပါတီရုံးရှေ့တွင် ကျင်းပခဲ့သည်။

ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထားရာ အဆိုပါဆွမ်းလောင်းပွဲတော်သို့ တိုက်ကြီးမြို့ပေါ် ဘုန်းတော်ကြီးကျောင်း ၅၅ကျောင်းတို့မှ သံဃာတော် ၆၇၄ပါး ကြွရောက်တော်မူကြသည်။

သာကေတပြည်ခိုင်ဖြိုးပါတီလူငယ်ပရဟိတအဖွဲ့သန့်ရှင်းရေးလုပ်အားပေး

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်ဖေ၊ အတွင်းရေးမှူးဦးဇော်ဝင်းနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးများ၊ လူငယ်ပရဟိတ     အဖွဲ့ဝင် များ စုစုပေါင်းအင်အား ၅ဝ ဖြင့် ယနေ့နံနက် ၇ နာရီခွဲက အမှတ်(၈) အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း ခြင်များမပေါက်ဖွားစေရေးအတွက် မြက်ပင်ရှည်များကိုမြက်        ဖြတ်စက်များဖြင့် ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တောင်ပိုင်းတိုးချဲ့နယ်မြေအား ကမ္ဘာ့အမွေအနှစ်နယ်မြေများအဖြစ် သတ်မှတ်ရန် ရည်ရွယ်မှုအပေါ် ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ ပူးတွဲသဘောထားထုတ်ပြန်

 

၂၀၁၇ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်နေ့၊ (၀၉း၃၀)နာရီအချိန်မှ (၁၂း၃၀)နာရီအချိန်အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး   ပါတီရုံး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ်ဥက္ကဌ ဦးရားဝမ်ဂျုံ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ ကချင်ပြည်နယ်ဥက္ကဌ ဦးမောင်မောင်၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူလေးပါတီ) ကချင်ပြည်နယ်ဥက္ကဌ ဦးလာမေတားနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ဗဟို အကြံပေး ဦးစိုးထွေးမောင်တို့ပါဝင်သော ပါတီအသီးသီးကိုယ်စားပြု အဖွဲ့ဝင်များတွေ့ဆုံ၍ ”ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တောင်ပိုင်း တိုးချဲ့နယ်မြေအား ကမ္ဘာ့အမွေအနှစ်နယ်မြေများအဖြစ် သတ်မှတ်ရန် ရည်ရွယ်ခြင်းအပေါ် ” ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။

´မြစိမ်းရောင်စီမံကိန်းဆိုင်ရာရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ်မှုကော်မတီရွေးချယ်ဖွဲ့စည်းခြင်း”အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောမူတက်ရောက်

 

(22.9.2017)ရက်နေ့ မြစိမ်းရောင်စီမံကိန်းဆိုင်ရာရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ်မှုကော်မတီရွေးချယ်ဖွဲ့စည်းခြင်း”ကို ရှမ်းရွာအုပ်စု သူဌေးကုန်းရွာ၌ပြု လုပ်ရာ ကန်ကြီးထောင့်မြို့ နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောမူနှင့်မြို့ နယ်ပါတီကော်မတီဝင်များ၊ခရိုင်နှင့်မြို့ နယ်ကျေးလက်ဦးစီးရုံးမှ တာဝန်ရှိသူများ၊ကျေးရွာသူ/သားများတက်ရောက်ခဲ့ကြပါ သည်။

USDP Ayeyarwady Region New


ရပ်/ကျေးကော်မတီ ပြန်လည်စီစစ်ခြင်း ကွင်းဆင်းဆောင်ရွက်

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးမျိုးမြင့်/မြို့နယ်ကော်မတီဝင် ဦးနေဝင်း၊ဦးဝင်းအောင်တို့ ဦးဆောင်၍ တကူပတီကျေးရွာ/ဖံဖကျေးရွာများသို့သွားရောက်၍ ရပ်/ကျေးကော်မတီပြန်လည်စီစစ်ခြင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aye Zaw Than


နမ္မတူမြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ စုပေါင်းသွေးလှူဒါန်း

 

(၂၁.၉.၂၀၁၇)ရက်​​နေ့ / ​​နေ့လည်​(၄:၀၀)နာရီအချိန်​သ.တ.လ​ (၁)​ရပ်​ကွက်​နေ ​လူနာ​​ဦး​အောင်​လင်းဦးအတွက် ပြည်​ခိုင်​ဖြိုးပါတီ မြို့နယ်​​သွေးလှူ ရှင်​အသင်းဝင် သ.တ.လ(၂)ေ​န သွေးလှူ ရှင်​​ ​ဦးထွန်းမင်းလှိုင်​မှ လိုအပ်​​သော​သွေး (O) ​သွေး အမျိုးအစားကို အချိန်​နှင့်​တ​ပြေးညီ လှူ ဒါန်း​ပေးခဲ့​ကြောင်းသိရှိရ​သည်။