

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းသည် နေပြည်တော်သို့ လေ့လာရေးခရီးရောက်ရှိနေသော ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် ကောင်းဘို့ကျေးရွာ၊ ငှက်ပျောကျင်း ကျေးရွာ၊ ပလောင်ကျေးရွာများမှ ပါတီဝင်များအား နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်းကျောင်းခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ပါတီဌာနချုပ်မှ အမှတ်တရ လက်ဆောင်များပေးအပ်ရာ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင် ဝင်း၊ ပါတီဗဟိုအတွင်းရေးမျိုး ဦးကျော်ကျော်ဌေး၊ ပါတီဗဟိုအလုပ်အမှုဆောင် ရှမ်းပြည်နယ်တာဝန်ခံ ဦးအောင် ထွန်းတို့မှ ပေးအပ်ရာ ဒေသခံ လေ့လာရေးအဖွဲ့ဝင်များကိုယ်စား ဒေသခံတိုင်းရင်းသားများမှ လက်ခံရယူခဲ့ သည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်