ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာ လုပ်ငန်း အစည်းအဝေးကျင်းပ

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာ ကော်မတီအစည်အဝေးကို ယမန်နေ့ အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့  ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်လူငယ်ရေးရာတာဝန်ခံ ဒေါက်တာတိုးတိုးအောင်၊ မွန်ပြည်နယ် ၁၀ မြို့ နယ်၊ ခရိုင် ၂ ခရိုင်မှလူငယ်ရေးရာ တာဝန်ခံများ တက်ရောက်ကြကြောင်း သိရသည်။

ရေဘေးသင့်​ပြည်​သူများအား​ စဉ့်​ကိုင်​ပြည်​ခိုင်​ဖြိုးမှ​ ထောက်​ပံ့လှူဒါန်း

(၁၉.၁၀.၂၀၁၇) ရက်​​နေ့တွင်​ ​ကျောက်​ဆည်​ခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီ​ ကော်မတီဝင်​ ​ဒေါ်ခင်နွယ်မြင့်၊ စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကြည်ပြုံးနှင့်​​ ကော်မတီဝင်များ၊ ရပ်​/​ကျေးအဖွဲ့များ သည်​ ပန်းလောင်မြစ်ရေ ဝင်ရောက်သော ထန်းတောရွာ၊ ဝန်ပတေ့တောင်ရွာ၊ ဝန်ပတေ့​မြောက်ရွာ၊ အုန်းလက္ကောက်ရွာ၊ ရွှေလှန်တောင်ရွာများရှိ ရေဘေးသင့်ပြည်သူများ ထံသို့ သွား​ရောက်​ပြီး အိမ်​​ခြေ (၉၀၄) အိမ်​အတွက်​ ခေါက်ဆွဲခြောက်နှင့်​ ​ရေသန်များ လှူဒါန်းခဲ့ကြပါသည်​။

ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်း (၁/၂၀၁၇) ဖွင့်လှစ်

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် ရန်ကုန်မြောက်ပိုင်း ခရိုင်ပြည်ခိုင်ဖြိုးပါတီက ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း (၁/၂၀၁၇ ) ဖွင့်ပွဲအခမ်းအနား အစီအစဉ် အား ယမန်နေ့ ၁၈.၁၀.၂၀၁၇ ရက်နေ့ ၀၈း၃၀ နာရီတွင် ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီရုံး၌ ကျင်းပခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး၏ ရှမ်းပြည်နယ်တောင်ပိုင်းခရီးစဉ်အတွင်း ပြောကြားခဲ့သည့် အမှာစကားကောက်နှုတ်ချက်များ


“Asean Youth Leaders Traing Program ” သင်​တန်းသို့ ပြည်​ခိုင်​ဖြိုးပါတီမှ လူငယ်​ (၃) ဦး တက်​​ရောက်

တရုတ်​ပြည်​သူ့သမ္မတနိုင်​ငံ နန်​နင်းပြည်​နယ်​ ကွမ်းရှီးမြို့ နိုင်​ငံတကာလူငယ်​များဖလှယ်​ရေး​ကောလိပ်​၏ (၄၈) ကြိမ်​မြောက်​ နိုင်​ငံတကာလူငယ်​အရာရှိများ သင်​တန်းဖွင့်​ပွဲအခမ်းအနားကို ယ​နေ့ ​အောက်​တို ဘာလ (၁၉) ရက်​​နေ့ ​ဒေသစံ​တော်​ချိန်​ နံနက်​( ၀၉း၃၀) ချိန်​တွင်​ ဖွင့်​လှစ်​ခဲ့သည်​။

* Asean Youth Leaders Traing Program * သင်​တန်းအား ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ လူငယ်​ကိုယ်​စားလှယ်​( ၃) ဦး တက်​​ရောက်​လျှက်​ရှိသည်​။

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရေးဆွဲခြင်းလုပ်ငန်း မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ

၁၇.၁၀.၂၀၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကန်​ကြီးထောင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ (၂၀၁၇- ၂၀၁၈) ခု ဘဏ္ဍာနှစ်မှ စတင်အကောင်အထည် ဖော်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ရေးဆွဲခြင်းလုပ်ငန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။

သီ​ပေါတွင်​ သန်း​ခေါင်​စာရင်းဆိုင်​ရာ အချက်​အလက်​များ အသိပေး ရှင်းလင်းပွဲသို့ ပြည်​နယ်​ ခရိုင်​ မြို့နယ်​ပါတီမှ တက်​​ရောက်

သီ​ပေါမြို့နယ်​အဆင့်​ သန်း​ခေါင်​စာရင်းဆိုင်​ရာ အချက်​အလက်​များ အသိပေး ရှင်းလင်းခြင်းနှင့်​ ​ဆွေး​နွေးခြင်းကို ၁၆.၁၀.၂၀၁၇ နံနက် (​ ၁၀း၀၀) နာရီအချိန်က မြို့နယ်​ ​ထွေ/အုပ်​ ခန်းမ ၌ ကျင်းပခဲ့ပါသည်။

ဗဟိုအတိုင်​ပင်​ခံ ဦးသိန်း​ဇော်​ ဗဟိုအလုပ်​အမှု​ဆောင် ​ဦးမြင့်​စိုးတို့ မြစ်​ကြီးနားမြို့သို့​ရောက်​ရှိ

မြစ်​ကြီးနား ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ၊ ဗဟိုအတိုင်​ပင်​ခံ ဦးသိန်း​ဇော်​၊ ဗဟိုအလုပ်​အမှူဆောင်​ ဦးမြင့်​စိုးတိုသည်​ ယ​မန်နေ့နံနက်​ (၁၁း၂၀) နာရီအချိန်​ခန့်​တွင်​ လေ​ ကြောင်းခရီးဖြင့်​ မြစ်​ကြီးနားမြို့သို့​ရောက်​ရှိလာရာ ပြည်​နယ်​အတွင်း​ရေးမှူး ဦးစိုးသိန်းနှင့်​ ပြည်​နယ်​/ခရိုင်​/// မြို့နယ်​နှင့်​ ရပ်ကွက်​​ကျေးရွာ ပါတီ​ကော်မတီဝင်​များက ​လေဆိပ်​၌ ကြိုဆိုနှုတ် ဆက်​ ခဲ့ကြပါသည်​။

Crd;


ရှေးဟောင်းသမိုင်းဝင် ပင်းတယရွှေဥမှင် စေတီတော်အား ဖူးမျှော်ကြည်ညိုပြီး အလှူငွေပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၆ နာရီအချိန်

တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေဥမှင်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ပြီး စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့သည်။ စေတီတော်ဂေါပကအဖွဲ့အား ရှေ့ဟောင်သမိုင်းဝင်စေတီတော်မြတ်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ စေတီတော်ဂေါပကအဖွဲ့မှ ပေးအပ်သော ရွှေဥမှင်အမှတ်တရ ဓာတ်ပုံအားလက်ခံရယူခဲ့သည်။