ပါတီဗဟိုအတွင်းရေးမှူးဒေါက်တာစန်းစန်းနွယ် ဆံပင်မိတ်ကပ်အလှပြင်သင်တန်းဖွင့်ပွဲတက်ရောက်အမှာစကားပြောကြား
ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ အမျိုးသမီးငယ်လေးများ အတွက် အမျိုးသမီးဘဝမြှင့်တင် ရေးအစီအစဉ်အဖြစ် မိတ်ကပ်ဆံ ပင်အလှပြင်သင်တန်းကို ယမန်နေ့ မွန်းလွဲ ၂နာရီက မင်္ဂလာတောင် ညွန့်မြို့နယ် ပါတီရုံး၌ ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ဗဟိုကော် မတီဝင်ဒေါ်အေးအေးမြင့်၊ ခရိုင် ကော်မတီဝင် ဒေါ်လဲ့လဲ့အေး၊ မြို့ နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင် များ၊ သင်တန်းသူ ၂၅ ဦးတက် ရောက်သည်။ သင်တန်းဖွင့်ပွဲ အစီ အစဉ်အရ ပြည်ခိုင်ဖြိုးပါတီဗဟို အတွင်းရေးမှူးအမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာစန်းစန်းနွယ် က အမှာစကားပြောကြားပြီး သင် တန်းကိုဖွင့်လှစ်ပေးခဲ့သည်။
ပါတီဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး ထားဝယ်မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဒေါက်တာကျော်ကျော်ဌေးနှင့် တနင်္သာရီတိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းအောင်၊ ဒုဥက္ကဋ္ဌဒေါက်တာဝင်းအောင်၊ အတွင်းရေးမှူးဦးနေမျိုးနှင့် ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း များ၊ ဗဟိုကော်မတီဝင်များ၊ ထားဝယ်ခရိုင်ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ထားဝယ်မြို့နယ်ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာကော်မတီဥက္ကဋ္ဌ များနှင့် ပါတီဝင်များ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ရှိ တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် တွေ့ဆုံခဲ့ကြရာ ပါတီဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဒေါက်တာကျော်ကျော်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စည်းရုံးရေးရာကိစ္စများ မှာကြားခဲ့သည်။ အခမ်းအနားတွင် တိုင်း/ခရိုင်/မြို့နယ်အတွင်းရေးမှူးများက ပါတီစည်းရုံးရေးကိစ္စရပ်များကို တင်ပြခဲ့ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ မှော်ဘီမြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ
ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် မှော်ဘီမြို့နယ် ဝါးနက် ချောင်း(စံပြ)ကျေးရွာတွင် ယနေ့ နံနက် ၁ဝ နာရီခွဲက ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူးဒေါက်တာ စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှု ဆောင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီ၊ ဗဟိုအလုပ်အမှု ဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အဖွဲ့သည်မှော်ဘီ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီတွင်တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်
ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်အတွင်းရေးမှူးဒေါက်တာလဆိုင်း ဘဏ္ဍာရေးမှူးဦးစိုင်းခမ်းကော် ပြည်နယ်ကော်မတီဝင်ဦးခင်မောင်ချိုတို့ပါဝင်သောပြည်နယ်အဖွဲ့သည်ကျောက်မဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ၂၀၁၈ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်ကကျောက်မဲမြို့နယ်ပါတီတွင် တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အတွင်းရေးမှူးဒေါက်တာလဆိုင်းမှအဖွင့်အမှာစကားပြောကြားခဲ့သည် ။
ဆက်လက်၍ပြည်နယ်လူငယ်ရေးရာတာဝန်ခံဦးစိုင်းခမ်းကော်မှပါတီလူငယ်ရေးရာကိစ္စရပ်များ မီဒီယာကိစ္စရပ်များကို ဆွေးနွေး ကျင်းပပြုလုပ်ခဲ့ပြီး ၂၅- ၂ – ၂၀၁၈ ရက်နေ့ ရန်ကုန်မြို့တွင်ပြုလုပ်သည့် နိုင်ငံရေးပါတီ ( ၂၁ ) ပါတီတွေ့ဆုံပွဲမှကောက်နုတ်ချက် ၇ ချက်ကိုဖတ်ကြားခဲ့သည် ။
အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း ပါတီ၏ ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းဆွေးနွေး
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တိုင်းခရိုင် မြို့နယ်များမှာ ကော်မတီဝင်များ ဥက္ကဋ္ဌအတွင်းရေးမှူးများနှင့် တွေ့ဆုံပွဲအား ညောင်တုန်းမြို့နယ် ဗိုလ်မြတ်ထွန်း ရိပ်သာ(တံတား)တွင်တွေ့ဆုံ၍ ပါတီ၏ ရှေလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဗဟိုအလုပ်မှုဆောင်များဖြစ်သော ဦးအောင်တင်မြင့်၊ဒေါက်တာပွင့်ဆန်း
ဗဟိုအလုပ်မှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးညဏ်လင်းတို့တက်ရောက်ခဲ့ကြောင်းသိရသည်။
ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေးရာကော်မတီအလိုက် တာဝန်ပေးအပ်ပွဲ အခမ်းအနား
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကံမတိုက်နယ် ရေးရာကော်မတီအလိုက် တာဝန်ပေးအပ်ပွဲသို့ တိုင်းပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းပါတီဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းကော်မတီဝင် ဦးစောဝင်းမောင်၊ ဦးသော်ဇင်ဦး၊ ပခုက္ကူခရိုင်ပါတီဥက္ကဌ ဦးသိန်းထွန်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးမြင့်နိုင်၊ မြို့နယိပါတီ ဥက္ကဌ ဦးသန်းအေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ် / ကျေးစည်းရုံးရေးမှူး၊ ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည် ။
ပါတီဗဟိုစည်းကမ်းထိန်းသိန်းရေးအဖွဲ့ မွန်ပြည်နယ်အတွင်းရှိ ခရိုင် (၂) ခရိုင်မှ ခရိုင်/မြို့နယ် ကော်မတီဝင်များအားတွေ့ဆုံ
ညောင်ဦးခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
(၂၄.၂.၂၀၁၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ညောင်ဦးခရိုင် ပြည်ခိုင်ဖြိုးပါတီမှဖွင့်လှစ်သော နိုင်ငံရေး စီမံခန့်ခွဲမ (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားအား ညောင်ဦးပြည်ခိုင်ဖြိုးရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းဌေး၊ ညောင်ဦးခရိုင်ပါတီဥက္ကဌ ဦးညွန့်ဝင်းနှင့် ခရိုင်ကော်မတီဝင်များ၊ သင်တန်းနည်းပြ များ၊ ညောင်ဦးခရိုင်အတွင်းရှိ မြို့နယ် (၂) မြို့နယ်မှ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအား နိုင်ငံတော်သီချင်းသံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းဌေးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ကာ ညောင်ဦးခရိုင်ပါတီဥက္ကဌ ဦးညွန့်ဝင်းမှ သင်တန်းစည်းကမ်းများ ဖတ်ကြားရှင်းလင်ခဲ့ကြောင်း သိရှိရပါသည်။
မိုင်းဖြတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ခရိုင်/ မြို့ နယ်ကော်မတီအစည်းအဝေး ကျင်းပ
(၂၅.၂.၂၀၁၈) ရက်နေ့ မိုင်းဖြတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီခရိုင်/မြို့နယ်ကော်မတီအစည်းဝေးကျင်းပပြုလုပ်ရာ အရန်ပြည်နယ်ကော်တီဝင် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) ဦးစိုင်းကျောက်၊ ဦးအားကို၊ခရိုင်ဥက္ကဋ္ဌ ဦးညွန်ဝင်း၊ မြို့ နယ်ဥက္ကဋ္ဌ ဦးစိုင်းရီတစ်၊ အတွင်ရေးမှူးနှင့် ကော်မတီဝင်များ ရှေ့ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
Crd;



