မြောင်းမြမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌများအား တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယခုလ ၂ရက် နံနက် ၈ နာရီက မြောင်းမြခရိုင် ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမ ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်း အနားသို့ ဧရာဝတီတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဝင်းကိုကို၊ ဧရာဝတီတိုင်းဒေသကြီးပါတီကော် မတီဝင် ဦးပြုံးချို၊ မြောင်းမြ ခရိုင် ပါတီဥက္ကဋ္ဌဦးအောင်မြင့်နှင့် ကော် မတီဝင်များ၊ မြောင်းမြမြို့နယ်ပါတီ ဥက္ကဋ္ဌဦးဝင်းမော်နှင့်ကော်မတီဝင် များ၊ မြို့နယ်အရန် ကော်မတီဝင် များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၁၄ အုပ်စုမှ ဥက္ကဋ္ဌများ တက် ရောက်ခဲ့ကြသည်။