” (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့သို့ပေးပို့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေး ၏သဝဏ်လွှာ “


ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) တောင်ငူခရိုင် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာတွေ့ဆုံပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး(အရှေ့) တောင်ငူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာတွေ့ဆုံပွဲနှင့် အမျိုးသမီးများအတွက် အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး ဗဟိုအတွင်းရေးမှူး အမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာဒေါ်စန်းစန်းနွယ် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးစောမော်ထွန်းနှင့် သက်ဆိုင်ရာ တိုင်း ခရိုင် မြို့နယ်များမှ တာဝန်ရှိသူ တက်ရောက်ခဲ့ကြပါသည်။

မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီစည်း/မှူးများတွေ့ဆုံလုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

 

မြိတ်မြို့ နယ် ပြည်ခိုင်ဖြိုး မှပါတီရေးရာကိစ္စ လုပ်ငန်းဆောင်ရွက်မှု ညှိနှိုင်း အစည်းအဝေးကို ယနေ့ ဖေဖေါ်ဝါရီလ၇ရက်၊ နေ့လည် (၁း၀၀)နာရီက မြိတ်မြို့နယ်၊ ပြည်ဖြိုးပါတီ ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာ သွားနှင့်ခံတွင်း အခမဲ့ကွင်းဆင်းကုသ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (မြောက် ပိုင်း) မြို့နယ် ဖြိုးစေတနာ(အခမဲ့) သွားနှင့်ခံတွင်းဆေးကုသမှု အဖွဲ့သည် ဖေဖော်ဝါရီလ ၇ ရက် နံနက် ၉နာရီမှစတင်၍ ၄၉၊ ၅ဝ၊ ၅၁ ရပ်ကွက်မှဝေဒနာရှင် ၄ဝ ကို အခမဲ့ကုသမှုကို အမှတ် (၅၁)ရပ်ကွက် ပြည်တော်အေးဓမ္မာရုံ၌် ကွင်းဆင်းကုသဆောင်ရွက် ပေးခဲ့ကြသည်။

ဖြူးမြို့နယ်တွင် ရပ် /ကျေးအုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့် သင်တန်းဖွင့်

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် (၁/၂ဝ၁၈)ဖွင့်ပွဲ အခမ်းအနားကို       ယမန်နေ့နံနက် ၉ နာရီက ဖြူးမြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်း အဝေးခန်းမတွင်ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင် ရာဘာသာရပ်များအတွက် သင်တန်းပို့ချပေးမည့် ဌာနဆိုင်ရာအကြီး အကဲများနှင့် မြို့ပေါ်ရပ်ကွက်ပေါင်း ၁၈ ရပ်ကွက် ကျေးရွာအုပ် စုပေါင်း ၅၈ အုပ်စုမှသင်တန်းတက်ရောက်မည့် အုပ်ချုပ်ရေးမှူး များ တက်ရောက်ခဲ့ကြသည်။

ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မီးဘေးသင့်မိသားစုများအား ဆန်အိတ်နှင့်ဆီပုံးများပေးအပ်လှူဒါန်း

 

ဒလမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များစုပေါင်း၍ မီးဘေးသင့်မိသားစုများအား ဆန်အိတ်နှင့်စား သုံးဆီပုံးများကို ယမန်နေ့ ညနေ ၄ နာရီခွဲက ယာယီကယ်ဆယ်         ရေးစခန်းဖွင့်လှစ်ထားသည့် ကျန် စစ်သားရပ်ကွက် မြဝတီမင်းကြီး လမ်းရှိ”သာသနာ့ဝေပုလ္လ” ဆွမ်း လောင်းဓမ္မာရုံ၌ ပေးအပ်လှူဒါန်း ခဲ့သည်။

ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုး မြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်မှ ကော်မတီဝင်များ ယနေ့ နံနက် ၉နာရီမှ မွန်းလွဲ ၃ နာရီ အထိ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီရုံးတွင် တွေ့ဆုံခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်း ရွာလုံးကျွတ်ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ် ကောင်းမြို့ ရေကျော်ကျေးရွာအုပ်စု စမ်းချောင်းကျေးရွာဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် ကျင်းပသော ရွာလုံးကျွတ် ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားသို့ တက် ရောက်ခဲ့သည်။

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့် ဇနီး​ဒေါ်စိုးဝတ်​ရည် ​ရွှေဘိုမြို့ ပုခန်း​ကျောင်းဆရာ​တော်​အား ဖူး​မျှော်​ကြည်​ညို၍ လှူဖွယ်​ပစ္စည်းများ ဆက်​ကပ်​လှူဒါန်း

 

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့် ဇနီး​ဒေါ်စိုးဝတ်​ရည်​တို့သည်​ ယ​နေ့မွန်းလွဲ ၁၂နာရီခွဲက ​ရွှေဘိုမြို့၊ပုခန်း​ကျောင်းတိုက်​သို့ ​ရောက်​ရှိလာပြီး ​ကျောင်းထိုင်​ဆရာ​တော်​ဦးဝိမလအားဖူး​မျှော်​ကြည်​ညို၍ လှူဖွယ်​ပစ္စည်းများ ဆက်​ကပ်​ လှူဒါန်းခဲ့သည်​။

ပါတီဥက္ကဌဦးသန်း​ဌေးနှင့် ဇနီး​ဒေါ်စိုးဝတ်​ရည်​တို့အဖွဲ့သည်​​ရှေးဦးစွာ ပုခန်း​ကျောင်းဆရာ​တော်​ဦးဝိမလအား ဖူး​မျှော်​ကန်​​တော့၍ သင်္ကန်းအစရှိ​သော လှူဖွယ်​ပစ္စည်းများနှင့်​အတူ ဝတ္ထု​ငွေများကို ဆက်​ကပ်​လှူဒါန်းခဲ့ပြီး​နောက်​ ​ရွှေဘိုမြို့ရှိ ရာဇ​အောင်​​မြေဘုရားအား ဖူး​မျှော်​ကြည်​ညိုကာ ​အောင်​​မြေနင်းခဲ့သည်​။

ပါတီရပ်/ကျေးအဖွဲ့များနှင့်တွေ့ဆုံ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီလစဉ် ရပ်/ကျေးပါတီများနှင့်တွေ့ဆုံပွဲအား ဖေဖော်ဝါရီ ၆ ရက် နံနက် ၉ နာရီက မြို့နယ်            ပြည်ခိုင်ဖြိုးအစည်းအဝေးခန်းမ၌ကျင်းပသည်။ အဆိုပါတွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးတိုင်းပါတီ ကော်မတီ ဦးသန်းထွန်း၊ ကျောက်ဆည်ခရိုင်အတွင်းရေးမှူးဦးစန်းမြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်၊ မြို့နယ်ကော်မတီများ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင် ၁၂၇ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။