(၁၅.၂.၂၀၁၈)ရက်နေ့ (၁၀း၀၀)အချိန်တွင် နွားထိုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ရပ်ကွက်/ကျေးရွာအုပ်စု ဥက္ကဌများအားတာဝန်ပေးအပ်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကျင်းပပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မြင်းခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်နှင့်ခရိုင်ကော်မတီဝင်များ၊ နွားထိုးကြီးမြို့နယ်ပါတီဥက္ကဌ ဦးကြည်ဖေနှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌအဖြစ်တာဝန်ပေးအပ်ခံရသူများ၊ ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက်မည့်ပါတီဝင်အသစ်များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအားနိုင်ငံတော်သီချင်းသံပြိုင်သီဆိုကာဖွင့်လှစ်ခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်တို့မှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပါတီဥက္ကဌမှဒေသဆိုင်ရာအချက်အလက်များအားတင်ပြခဲ့ပါ သည်။



