မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ဇန်နဝါရ်ီလ (၇) ရက် နေ့ မွန်းလွဲ (၁း၀၀) နာရီချိန် ရပ်/ကျေးလပတ်အစည်းအဝေး ပြုလုပ်ရာ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်ကြည်သိန်း တက်ရောက်ခဲ့သည်။
မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ဇန်နဝါရ်ီလ (၇) ရက် နေ့ မွန်းလွဲ (၁း၀၀) နာရီချိန် ရပ်/ကျေးလပတ်အစည်းအဝေး ပြုလုပ်ရာ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်ကြည်သိန်း တက်ရောက်ခဲ့သည်။
ယမန်နေ့ညနေ (၄) နာရီအချန်မှစတင်၍ အရှေ့ပိုင်းခရိုင် လူငယ်တာဝန်ခံ ဒေါ်ယဉ်ချောလှိုင်နှင့် ခရိုင်ကော်မတီဝင် ဦးမျိုးဝင်ကျော် (၁၄) မြို့နယ်မှ လူငယ်တာဝန်ခံများ၊ လူငယ်ခေါင်းဆောင်များ၊ အင်အား (၉၀) ကျော် စုပေါင်း၍ ကျိုက္ကစံဘုရားရင်ပြင်သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ဘုရားဘေးပတ်လည်ရှိအမှိုက်များ ရှင်းလင်းဆောင်ရွက်ခြင်း များ ပြုလုပ်ကြပြီး ကုသိုလ်ယူကြပါသည်။ အေးမင်းဇော်(မြောက်ဥက္ကလာ)
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် (ရှမ်း/ရှေ့) နယ်မြေတာဝန်ခံ (ဗဟိုလုပ်ငန်းစီစစ်ရေးကော်မတီဥက္ကဌ) ဦးစိုးနိုင်၊ ရှမ်းပြည်နယ်ပါတီ
ဒုဥက္ကဌ၊ ပြည်နယ်အတွင်းရေးမှူးနှင့်အဖွဲ့သည် (၆.၁.၂၀၁၇) ရက်နေ့တွင် မိုင်းခတ်မြို့နယ်သို့ သွားရောက်ခဲ့ပြီး မိုင်းခတ်မြို့နယ်ရှိ လွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဥက္ကဌနှင့် ကော်မတီဝင်များအား မိုင်းခတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီကော်မတီဝင်များမှ ပါတီအဆိုပြုလွှာပေးအပ်ခြင်း၊ ကော်မတီဝင်များနှင့်တွေ့ဆုံ၍ ရေးရာအလိုက်လုပ်ငန်းဆောင်ရွက်ချက်များ ဆွေးနွေး တင်ပြခြင်းနှင့် ပါတီ၏ရှေ့လုပ်ငန်းစဉ်များအား ညှိနိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည် ။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပါတီလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည် နယ် (အရှေ့ပိုင်း) နယ်မြေတာဝန်ခံ ဦးစိုးနိုင်သည် ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် ယန်းခမ်းကျေးရွာအုပ်စု စုပုံရွာ တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်သော ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါ စုပုံရွာမှ လူဦးရေ ရာခိုင်နှုန်း ၉ဝ ခန့် ပါတီဝင်ရောက်လာပြီး ပါတီဝင်အင်အား ၉၂ ဦး ရှိကြောင်း သိရသည်။
၈.၁.၂၀၁၈ ရက်နေ့ နံနက် ၈:၃၀ နာရီချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်းခန်းမ၌ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်းအမှတ်စဉ် (၃) ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ စတင်ဖွင့်လှစ်ကာ ပါတီဥက္ကဋ္ဌကြီး ဦးသန်းဋ္ဌေးမှ အမှာစကား ပြောကြားပြီး နံနက် ၉:၀၀ နာရီချိန်တွင် ပြီးမြောက်ခဲ့ပါသည်။ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌကြီး ဦးသန်းဋ္ဌေး ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ၊ ပါတီဗဟိုကော်မတီဝင်များ ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူ (၁၀၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းဝေးခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီ အချိန်က တိုင်းပါတီဥက္ကဋ္ဌနှင့် ပဲခူးအရှေ့ခြမ်းရှိ ခရိုင် / မြို့နယ်ပါတီဥက္ကဋ္ဌများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းက အဖွင့်အမှာ စကားပြောကြားပြီး တက်ရောက်လာသော ပဲခူး၊ တောင်ငူခရိုင်မှ ဥက္ကဋ္ဌများနှင့် မြို့နယ် ၁၄ မြို့နယ် မှ ပါတီဥက္ကဋ္ဌများက ဆွေးနွေးတင်ပြကြသည်။ထို့နောက် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌက ပါတီ၏ရှေ့လုပ်ငန်းစဉ် များကို လမ်းညွှန်မှာကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(မြစ်ကြီးနား)
မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ချန်းမူးအသင်းတော်အခြေပြု “ချန်းမူး” မူးယစ်ကင်းစင်ရေးဂေဟာ၌ ကျင်းပပြုလုပ်သော ခရစ္စမတ်ကျေးဇူးတော် ချီးမွမ်းဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကို (၂၁-၁၂-၂၀၁၇) ရက်နေ့ နေ့လည် (၂း၀၀) နာရီအချိန်က “ချန်းမူး´´ မူးယစ်ကင်းစင်ရေးဂေဟာ၌ ကျင်းပပြုလုပ်ရာ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဦးညွန့်ဝင်း တက်ရောက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေး ပေးပို့သည့် ခရစ္စမတ်ဆုတောင်းပွဲသ၀ဏ်လွှာအား ဖတ်ကြားခဲ့ပါသည်။
၂၁ – ၁၂ – ၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ဥက္ကဌ ဦးဘိုစံ၊ အတွင်းရေးမှူး ဦးချမ်းမြ၊ ခရိုင်ကော်မတီဝင် ဦးကျာဒေါလုံ၊ မြို့နယ် ကော်မတီဝင် ဦးအောင်ဝင်း၊ ဦးခင်မောင်လွင်၊ ဦးအောင်ထန်နှင့် မြို့နယ် (အရန်) ကော်မတီဝင်များ၊ ပါတီ လူငယ်များသည် တာလေမြို့နယ် တာကြန့်ကျေးရွာအ၀င် တံတားဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး ခဲ့ကြပါသည်။
(၂၁.၁၂.၂၀၁၇) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် သပိတ်ကျင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ Online Media မွမ်းမံ(ဆင့်ပွား) သင်တန်း ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းကော်မတီဝင်များ၊ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဌ ဦးဝင်းကြည်နှင့် ခရိုင်ကော်မတီဝင်များ၊ သင်တန်းနည်းပြများဖြစ်ကြသော ဦးကျော်စန်း၊ ဦးဝင်းလှိုင်ငြိမ်းနှင့် ဦးဇော်အောင်ထက်၊ သပိတ်ကျင်းမြို့နယ်ပါတီဥက္ကဌ ဦးထွန်းတင့်နှင့် ကော်မတီဝင်များ၊ ရပ်/ကျေးခေါင်းဆောင်များ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး ပါတီဥက္ကဌ ဦးဝင်းမောင်မှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းနည်းပြများမှ သင်ခန်းစာများကို ဆက်လက်ဆွေးနွေးပို့ချခဲ့ပါသည်။
နေပြည်တော် ဒီဇင်ဘာ ၂၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံရေးသိပ္ပံ တက္ကသိုလ်ပါမောက္ခချုပ် H.E. Mr.Wang Weiguang ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီခွဲ၌ နေပြည်တော်ပါတီဌာနချုပ်ဧည့်ခန်းမ (၁) တွင် လက်ခံတွေ့ဆုံခဲ့သည်။