မိုးညှင်းပြည်ခိုင်ဖြိုးပါတီမှ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

 

မတ်(၁၃) မိုးညှင်း

မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာနှင့်လူငယ်ရေးရာကော်မတီက ကြီးမှူး၍အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ်(၂)သင်တန်းဆင်းပွဲကို ယမန်နေ့မတ်လ (၁၃) ရက်နံနက်(၁၀)နာရီတွင် နန်းမားဒေသ နန်းခမ်းဒေသ၌ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် မိုးညှင်းခရိုင်ပါတီဥက္ကဌ ဦးစိန်ဝင်းထွန်းနှင့် မြို့နယ်ပါတီဥက္ကဌ ဦးလမိုင်တို့က အမှာစကားပြောကြားခဲ့ပြီး နယ်မြေတာဝန်ခံဦးခိုင်ဇော်ထွန်းကသင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက်တာဝန်ရှိသူများက သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များနှင့် သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ချီးမြှင့်လိုက်သည်။ သင်တန်းသို့သင်တန်းသူ(၄၂)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁)လကြာမြင့်ခဲ့ကြောင်းသိရသည်။

လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချိကယ်ကျေးရွာအုပ်စု ဒေါမူကလားရွာ ပါတီဝင်များနှင့် တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့၊ မတ်လ ၁၃

လူငယ်မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များ စာတမ်းပြု စုပေါင်းဆွေးနွေး

 

ရန်ကုန် မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီ အစည်း အဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၁နာရီမှစတင်၍ ခရိုင်အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်လူငယ်တာဝန်ခံ ဒေါ်ယဉ်ချောလှိုင်၊ မြို့နယ် များမှ လူငယ်တာဝန်ခံများစုပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ညီလာခံတွင်ဆွေးနွေးနိုင်ရန်အတွက် လူငယ်မူဝါဒနှင့်ရှေ့ လုပ်ငန်းစဉ်များကိုစာတမ်းပြုစု၍ စုပေါင်းဆွေးနွေးမှုများ ကျင်းပခဲ့ပြီး လူငယ်များအနာဂတ်ဘဝသာယာလှပရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ရောက်လာသော မြို့နယ်များမှ အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျုံပျော်မြို့နယ်ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်

 

ကျုံပျော် မတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို တိုက်နယ်အလိုက် ကျင်းပလျက်ရှိရာ ယနေ့ မွန်းလွဲ ၁နာရီတွင် အထောင်တိုက်နယ် ကြက်တညင်ကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပုသိမ်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ အဆိုပြုလွှာ စုပေါင်းပေးအပ်မည့်ပါတီဝင်များ တက်ရောက်ကြသည်။

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အပတ်စဉ်လုပ်ငန်းညှိ့နိုင်းအစည်းအဝေးကျင်းပပြုလုပ်

 

ရန်ကုန် မတ် ၁၂

မြောက်ဥက္က္တာပမြိုနယ် ပြည်ခိုင်ဖြိုးပါတီမှ အပတ်စဉ်ပုံမှန်အစည်းအဝေးအား ယနေ့ညနေ ၃ နာရီတွင် မြိုနယ်ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပါသည်။
အစည်းအဝေးအား မြို့နယ်ပါတီဥက္ကဌကိုယ်စား မြိုနယ်ပါတီအတွင်းရေးမှုးဦးဝင်းကြိုင်မှ ဦးဆောင်ကျင်းပပြီး ရှေ့လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းမှာကြားပြီး မြိုနယ်ရေးရာတာဝန်တာဝန်ခံများမှ ရေးရာအလိုက်ဆွေးနွေးပြီး တက်ရောက်လာသော ရပ်ကွက်ခေါင်းဆောင်များမှ ရပ်ကွက်အလိုက် လုပ်ဆောင်ချက်များ ပြန်လည်ရှင်းလင်းပြောကြားပြီး အစည်းအဝေးအား ညနေ ၃ နာရီ ၄၅ မိတွင် ပြီးမြောက်ပါသည်။

ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း

 

ရှားတောမြို့-မတ်လ ၁၃

၁၃.၃.၂၀၁၈ ရက်​​နေ့နံနက်​ ၁၀ နာရီအချိန်​တွင်​ ကယားပြည်နယ် ရှားတောမြို့နယ် ပြည်​ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ဒေါလဲဒူ​ကျေးရွာ ဘုန်း​တော်​ကြီး​ကျောင်းဆရာတော်အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပါ သည်။
ပြီးနောက် ဒေါလဲဒူဘုန်းတော်ကြီးကျောင်းတွင်​ ဖွင့်​လှစ်​​ပေး​သော ​နွေရာသီယဉ်​​ကျေးလိမ္မာသင်​တန်းတွင်​ တက်​​ရောက်​​သော က​လေးသူငယ်​များနှင့်​ မိဘများ ၁၂၀ ဦးတို့အား ​ခေါက်​ဆွဲ​ကျော်​ အာဟာရ ​ကျွေး​မွေး​ပါသည်​။
၎င်းနေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ကလေးသူငယ်များအား အာဟာရကျွေးမွေးရာတွင် ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပေါလူ၊ အတွင်းရေးမှူး ဒေါ်အန်ဂျလေးနာမလေးနှင့် မြို့နယ်ကော်မတီဝင်များ ဒေါလဲဒူရွာ ယဉ်ကျေးလိမ်မ္မာ သင်တန်းသူ/သားများ ကလေးမိဘများ စုစုပေါင်း (၁၂၀) ဦးကျော် တက်ရောက်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဋ္ဌ အတွင်းရေးမှူး ကော်မတီဝင်များနှင့်တွေ့ဆုံ

ပုသိမ် မတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၈ နာရီက ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်း၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဉာဏ်လင်း၊ တိုင်းဒေသကြီး ကော်မတီဝင်များသည် ပုသိမ်ခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်များမှ ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ တာဝန်ပေးအပ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်တက်ရောက်

ရန်ကုန် မတ် ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးသာဝင်းသည် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပသော ရပ်ကွက်စည်းရုံးရေးမှူးများနှင့် အမှုဆောင်များအား ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များအဖြစ် တာဝန် ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။