ရန်ကုန်မြို့ ဒဂုံ(တောင်)မြို့နယ် (၁၄ဝ)ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးကျော်စိုးလင်း၏နေအိမ်၌ ယမန်နေ့ ညနေ ၄ နာရီက ဗလာစာအုပ် လှူဒါန်းပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ ဒဂုံ(တောင်)မြို့နယ် (၁၄ဝ)ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးကျော်စိုးလင်း၏နေအိမ်၌ ယမန်နေ့ ညနေ ၄ နာရီက ဗလာစာအုပ် လှူဒါန်းပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရန်ကုန် အနောက်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီ (၁၃)မြို့နယ်ပါတီဝင်များသည်ယနေ့ မွန်းလွဲ ၃ နာရီခွဲက ဆူးလေစေတီ တော်ကြီး၏ (၁ဝ၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲအထိမ်း အမှတ် ဆွမ်း ဆန်စိမ်းလောင်းလှူပွဲတွင် ပါဝင် လောင်းလှူခဲ့ကြသည်။
နေပြည်တော်ဥတ္တရသီရိမြို့နယ် မင်းကုန်းအုပ်စု ဖောင်းလောင်း ကျေးရွာရှိ ဇေယျသုခဘုန်းတော် ကြီး ကျောင်းတိုက်၌ (၁၅)ကြိမ် မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ် ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် ကျင်းပ ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် လှိုင်သာယာမြို့ နယ် (၁၁)ရပ်ကွက် ဆင်ဖြူရှင်လမ်း အိမ်အမှတ် (၃၉၄-က)၌ (၁၁) ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံးသစ် ဆိုင်းဘုတ် တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက် ၉နာရီက ကျင်းပ ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် တာမွေမြို့နယ်တွင် ရပ် ကွက်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားတာဝန်ပေးအပ်ပွဲ ကို ယနေ့ နံနက်ပိုင်းတွင် တာမွေ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးရှိ အစည်း အဝေးခန်းမတွင်ပြုလုပ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂ဝ၁၈)အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပါတီဌာနချုပ် အစည်းအဝေး ခန်းမ (၁)၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင်ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်ပါတီဥက္ကဋ္ဌများနှင့် ဒု- ဥက္ကဋ္ဌများကလုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက်များ ကိုတင်ပြဆွေးနွေးကြသည်။ ယင်းနောက် ဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာကော်မတီတာဝန်ခံ ဒေါက်တာအောင်မြတ်ဦးက ပါတီ လူငယ်ညီလာခံကျင်းပရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
၈.၁.၂၀၁၈ ရက်နေ့ မင်းဘူးခရိုင်မှ ဦးစီးပြီး မင်းဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းကော်မတီအစည်းအဝေးကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီခန်းမတွင် ကျင်းပရာ တိုင်းကော်မတီဝင် ဦးကျော်သူဦး၊ တိုင်းအရံကော်မတီ ဦးအေးသူ၊ ခရိုင်ဥက္ကဌ ဒေါ်သီမာလှိုင်၊ ခရိုင်အတွင်းရေးမှူး ဦးစိန်ရွှေမင်းနှင့် ခရိုင်ပါတီကော်မတီအဖွဲ့ မြို့နယ်ပါတီဥက္ကဌ ဦးကျော်ဝင်းမြင့်နှင့် ပါတီကော်မတီအဖွဲ့များ တတ်ရောက်ကြပါသည်။
(၉.၁.၂၀၁၈) ရက်နေ့ နံနက် (၈း၀၀) နာရီအချိန်တွင် ဗဟိုကော်မတီဝင် စစ်ကိုင်းတိုင်း ပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင် ဒေါက်တာဝင်းမြင့်အောင်မှ နိုင်ငံတော်၏ စီးပွားရေးအခြေအနေ နှောင့်နှေးရပ်တန့်ကျဆင်း သွားရခြင်းအကြောင်းရင်းများ ယခင်/ယခုပြည်တွင်း/ပြည်ပ ဈေးကွက်ရှာဖွေဖော်ထုတ် ရောင်းလိုအားဝယ်လိုအား ပို့ကုန်/သွင်းကုန်ကွာဟမှုများ ရင်နှီးမြှပ်နှံမှုဆိုင်ရာ ဥပဒေစည်းကမ်း အားပျော့မှု ငွေကြေးစီဆင်းလည်ပတ်မှု မညီမျှမှုများ ဆွေးနွေး ပို့ချပေးခဲ့ပါသည်။
ပဲခူးမြို့နယ် ချမ်းသာကုန်းကျေးရွာ၌ ချမ်းသာကုန်း ဓမ္မရက္ခိတကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တ ကုဏ္ဍလမဟာထေရ်၏ အန္တိမဈာပနအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ အန္တိမဈာပနပူဇော်ပွဲတွင် ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးမင်းခန့်ကျော်နှင့် မြို့နယ် ကော်မတီဝင်များ၊ ကျေးရွာများမှ ပါတီခေါင်းဆောင်များ စုပေါင်းပြီး အန္တိမဈာပနပွဲသို့ လာရောက်ကြည်ညိုကြသော ဧည့်ပရိသတ်များကို အအေးဖျော်ရည်နှင့် ကိတ်မုန့်များကို စတုဒိသာအလှူအဖြစ် ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
သီပေါမြို့နယ် ပြညိခိုင်ဖြိုးပါတီရုံးခန်းမတွင် ၆.၁.၂၀၁၈ရက်နေ့ နံနက် (၀၉း၃၀) အချိန်က ကျင်းပရာ ရှေးဦးစွာ မြို့နယ်ပါတီဥက္ကဌ ဦးအောင်အောင်က ၂၀၂၀ ပါတီအောင်နိုင်ရေးအတွက် ပါတီဝင်များအားလုံး ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ပြည်နယ်ပါတီကော်မတီ ဦးစိုင်းစိန်လင်းမှ နိုင်ငံရေးပါတီများ၏ သဘောထားကြေညာချက်စာတမ်း အား သိရှိလိုပ်နာကျင့်သုံးနိုင်ရေး ဘတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ရပ်/ကျေးစည်မှူးများက မိမိတို့နယ်မြေအလိုက် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပြီးစီးမှုအခြေအနေများနှင့် မြို့နယ်ပါတီမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည့် လုံခြုံရေး၊ ရပ်ရွာဖွံ့ဖြိုးရေးဆိုင်ရာအခြေအနေများကို ဆွေးနွေးတင်ပြကြပါသည်။