လွိုင်ကော်၊ ဖေဖော်ဝါရီ ၁၆
လွိုင်ကော်၊ ဖေဖော်ဝါရီ ၁၆
(၁၅.၂.၂၀၁၈)ရက်နေ့ (၁၀း၀၀)အချိန်တွင် နွားထိုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ရပ်ကွက်/ကျေးရွာအုပ်စု ဥက္ကဌများအားတာဝန်ပေးအပ်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကျင်းပပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မြင်းခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်နှင့်ခရိုင်ကော်မတီဝင်များ၊ နွားထိုးကြီးမြို့နယ်ပါတီဥက္ကဌ ဦးကြည်ဖေနှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌအဖြစ်တာဝန်ပေးအပ်ခံရသူများ၊ ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက်မည့်ပါတီဝင်အသစ်များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအားနိုင်ငံတော်သီချင်းသံပြိုင်သီဆိုကာဖွင့်လှစ်ခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်တို့မှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပါတီဥက္ကဌမှဒေသဆိုင်ရာအချက်အလက်များအားတင်ပြခဲ့ပါ သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးထွေးလှ(နတလညွှန်ချုပ်ငြိမ်း) သည် ရခိုင်ပြည်နယ် မာန်အောင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ များနှင့်သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင် ဦးထွေးလှနှင့် ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြလင်းတို့သည် ကျောက်ဖြူမှ မာန်အောင်သို့ လေယာဉ်ဖြင့် ယခုလ ၁၂ရက် မွန်းလွဲ ၁၂နာရီခွဲ ကရောက်ရှိလာရာ မာန်အောင်မြို့ နယ်ပါတီမှ ခရိုင်၊ မြို့နယ်၊ ရပ်/ ကျေးခေါင်းဆောင်များကလေဆိပ် တွင် ကြိုဆိုခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ကျိုက်လတ်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရပ်ကွက်နှင့်ကျေးရွာများ၌ ပါတီစည်းရုံးရေးမှူးများအား ရပ်/ ကျေးပါတီဥက္ကဋ္ဌအဖြစ် တာဝန် ပေးခန့်အပ်ပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် မြို့နယ်ပါတီရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့်ပါတီဝင်များသည်ကြာသပတေးနေ့နံနက်တိုင်း မြို့နယ်ပါတီရုံးရှေ့တွင် အရုဏ်ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူလျက်ရှိရာ ယနေ့နံနက် ၅နာရီက အလှူရှင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဖေမိသားစုနှင့် မြို့နယ်ပါတီ ကော်မတီဝင်များက အရုဏ်ဆွမ်းလောင်းလှူခဲ့ကြသည်။
TKA(သာကေတ)
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊တာချီလိတ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေးခန်းမတွင် ယနေ့ (၁၆.၂.၂၀၁၈)နေ့တွင် ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း ဦးဆောင်၍ ခရိုင်/မြို့နယ်ကော်မတီဝင်များ၊ ရပ် /ကျေးခေါင်းဆောင်များ၊ အမျိုးသမီးအဖွဲ့များ တက်ရောက်ကြပြီး ခရိုင်ကော်မတီအဆင့် လစ်လပ်နေရာများအား အစားထိုးတာဝန်ပေးအပ်ခြင်း၊ မြို့နယ်ကော်မတီဝင်အဆင့် လစ်လပ်နေရာများအား အစားထိုးတာဝန်ပေးအပ်ခြင်း၊ ရပ်ကွက်/ကျေးရွာပါတီဥက္ကဌ တာဝန်ပေးအပ်ရန် ရွေးချယ်လျှာထား
ခြင်းများ ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည် ။
Crd;
ရခိုင်ပြည်နယ်သံတွဲခရိုင်သံတွဲ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးကျင်းပ သည့် နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း ၁/၂ဝ၁၈ ဖွင့်ပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဗဟို ကော်မတီဝင် ဦးလှဟန်၊ ပြည်နယ် ကော်မတီဝင် ဦးတင်မောင်သန်း၊ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌနှင့် ခရိုင် ကော်မတီဝင်ဒေါ်ဝင်းမင်းမာထွန်း၊ ဦးသန်းစိုး၊ မြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးစန်းနိုင်၊အတွင်းရေးမှူးဦးကြည်ရွှေ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ ကျေးခေါင်းဆောင်များ၊ သင်တန်း သား သင်တန်းသူများတက်ရောက် ခဲ့ကြပြီး ၁/၂ဝ၁၈ ဆင့်ပွားသင် တန်းကို အောင်မြင်စွာဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။
၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ကျောက်ဖြူခရိုင်ပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း အမှတ်စဉ် (၄/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်၊၊
အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ဗဟိုကော်မတီဝင် ဦးထွေးလှမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သင်တန်းမှူး ပြည်နယ်ကော်မတီဝင် ဦးသိန်းနုမှ သင်တန်းဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို နံနက် (၁၀:၀၀) နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်၊၊
၁၆.၂.၂၀၁၈ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေး ပါတီကော်မတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲ အခမ်းအနားမှာ ဧရာဝတီတိုင်း ဒေသကြီး ပြည်ထောင်စုံကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီဥက္ကဌ ဦးဥာဏ်လင်း ၊ တိုင်းပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဦးသန်းထွန်း ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တိုင်းပါတီကော်မတီဝင် ဒေါ်ခင်စောမူနှင့် ခရိုင်ပါတီဥက္ကဌ ဦးကျော်ဖေဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ ၊ မြို့နယ်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။
ဆက်လက်ပြီး တိုင်းပါတီ ဥက္ကဌ ဦးဥာဏ်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရွှေဝါထွန်းဟိုတယ်၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌဦးမြတ်ဟိန်း ဗဟိုတွင်းရေးမှူးဦးပိုက်ထွေးနှင့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးစာမော်ထွန်း တိုင်းဒေသကြီးပါတီ ဒုဥက္ကဌဦးအောင်ချိုဦးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပထမအကြိမ် တာဝန်ထမ်းဆောင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ခဲ့ကြ ပါသည်။