လွိုင်ကော်မြို့၊ ဖေဖော်ဝါရီ ၁၉
လွိုင်ကော်မြို့၊ ဖေဖော်ဝါရီ ၁၉
မြစ်ကြီးနားမြို့နန်းကွေ့ကျေးရွာ အုပ်စု မဟာစည်သာသနာ့ရိပ်သာ ဓမ္မရက္ခိတဘုရားကြီးကျောင်းတိုက် နှစ်ကျိပ်ရှစ်ဆူ အောင်တော်မူဓာတ် ပေါင်းစု စေတီတော်မြတ်ကြီး၏ ဒုတိယအကြိမ်မြောက် ဗုဒ္ဓါဘိသေ က အနေကဇာတင် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် ကျောင်းတိုက်တည် ဆရာတော်ကြီးဘဒ္ဒန္တနေမိန္ဒ ပျံလွန် တော်မူသည့် (၄)နှစ်ပြည့်အထိမ်း အမှတ် အာစရိယဂုဏပူဇာသဘင်၊ ပင့်သံဃာ ၅ဝ တို့အား သံဃာ့ဒါန ဆွမ်းဆန်တော် လောင်းလှူပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက ယင်း ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူးကျင်းပသော တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပုသိမ်မြို့ တိုင်းဒေသကြီးပါတီ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်း က တက်ရောက်အမှာစကားပြောကြားရာတွင် ၂ဝ၁၈ခုနှစ်အတွင်း ပါတီအကောင်အထည် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အသေးစိတ်ဆွေးနွေးညွှန်ကြားကာ ပြီးခဲ့သည့် ပါတီဗဟိုအလုပ် အမှုဆောင် အစည်းအဝေးမှချမှတ်ခဲ့သည့် ပါတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များကိုလည်း ချပြဆွေးနွေး မှာကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးရန်ကုန် တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွား သင်တန်း အမှတ်စဉ်(၂)သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရတနာ ခန်းမ၌ကျင်းပခဲ့သည်။
မိုးကောင်းမြို့နယ် မြို့သစ်ကြီးကျေးရွာအုပ်စုမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များ ၏ ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း တိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်က ပါတီဝင် ၃ဝ ၏နှစ်စဉ် ကြေးများကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်ထံပေးအပ်သည်။
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယနေ့နံနက် ၉ နာရီက ရပ်/ကျေးဥက္ကဋ္ဌများ ပါတီတာဝန်ပေးအပ်ပွဲအခမ်းအနားကို ဒဂုံတောင်မြို့နယ်ပါတီရုံးတွင်ကျင်းပကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် ခရိုင်ပါတီကော်မတီဝင် များ၊ မြို့နယ်ပါတီဥက္ကဋ္ဌဒေါ်စန်းစန်းဌေးနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌ များ၊ ပါတီဝင်များတက်ရောက်ကြသည်။
အစီအစဉ်အရ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဋ္ဌဦးစိန်မြင့်က အမှာစကားပြောကြား၍ ရပ်/ကျေး ဥက္ကဋ္ဌများ ခန့်အပ်လွှာပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးပါတီနာယက ဒေါက်တာ ခင်မောင်ထွန်း(ထက်လင်း)နှင့်ဇနီးတို့မှ ကာရာအိုကေစက်တစ်လုံးလှူဒန်းပေးခဲ့ကြောင်း သိရ သည်။
ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင်ဒေါပုံမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမုံ နာ(၂)ရပ်ကွက် ရေကြောင်းညွှန် ကြားမှုဦးစီးဌာန ဝန်ထမ်းမိသားစု သင်္ဘောကျင်းလိုင်းခန်းများကိုသွေး လွန်တုပ်ကွေးရောဂါကာကွယ်ရေး အဖြစ် ခြင်ဆေးမှုတ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်းလုပ်ငန်းများကို ယနေ့ နံနက်၉ နာရီမှ၁၁နာရီအထိဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဦးမြင့်လှိုင်၊ ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်၊ မဘိမ်းမြို့နယ်ပါတီ ဥက္ကဋ္ဌဦးဇော်လွင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေ၊ မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဦးစိုင်းမောင်မောင်ကျော် တို့သည် ယမန်နေ့နံနက် ၁ဝ နာရီက မလှိုင်ကုန်းကျေးရွာအုပ်စု မလှိုင်ကုန်းကျေးရွာသို့ရောက်ရှိပြီး တောင်သူလယ်သမားများနှင့် တွေ့ဆုံ၍် လယ်ကြီးကွင်းရှိရေသောက် ဧရိယာဧက ၅၄ဝ ရေရရှိ ရေးအတွက် ရေးသွင်းမြောင်းတူးဖော်ရေးကိစ္စများကို သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ရပ်ကွက် /ကျေးရွာအုပ်စု ပါတီ ကော်မတီဥက္ကဋ္ဌများခန့်အပ်တာဝန် ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁၂နာရီ ၄၅ မိနစ်က ရွှေကူမြို့နယ် ပါတီရုံး၌ ကျင်းပခဲ့ရာ ဗဟိုကော် မတီဝင်ဦးဝင်းမောင်သိန်း၊ခရိုင်ပါတီ ဥက္ကဋ္ဌဦးသန်းဇော်လေး၊ အတွင်း ရေးမှူးဒေါ်ဝိုင်း၊ ဘဏ္ဍာရေးမှူး ဦးကျော်စွာဝင်းနှင့်အရန်ကော်မတီ ဝင်များ၊ ရွှေကူမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်မင်း၊အတွင်းရေးမှူး ဦးသန်း ထိုက်နှင့်ကော်မတီဝင်များ၊ရပ်ကျေး ပါတီကော်မတီဥက္ကဋ္ဌများစုစုပေါင်း ၇၃ဦး တက်ရောက်ခဲ့ကြသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ပါတီဥက္ကဌ ဦးစိုင်းခတ္ထိယနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌ ဦးဒါဝိဒ်၊ မြို့နယ်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပါတီရုံးဝန်ထမ်းများသည် (၁၈.၂.၂၀၁၈) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်အုပ်စု၊ ရေပူစမ်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့သောနေအိမ် ၃ အိမ်အား ထောက်ပံ့ကြေးအကူငွေများ သွားရောက်ပေးအပ်ခဲ့ကြကြောင်းသိရှိရပါသည်။