ဖာပွန် မတ် ၁၉
ရပ်ကွက်/ကျေးရွာပါတီဥက္ကဋ္ဌ များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကို ဖာပွန်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ မြို့နယ်ပါတီရုံး မူတြော် ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို ကရင် ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစော မြင့်ဦး၊ ပြည်နယ်ပါတီကော်မတီ ဝင် ဘဏ္ဍာရေးမှူး(ဖာပွန်မြို့နယ် တာဝန်ခံ)ဦးစောဝင်းထိန်၊ ခရိုင် ကော်မတီဝင် ဦးစောထွန်းလွင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသိန်းဇံ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစော ဇော်မင်းနှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုပါတီဥက္ကဋ္ဌများ၊ ကော်မတီ ဝင်များ တက်ရောက်ခဲ့သည်။



